Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:66-71 Myanmar Standard Bible (MSB)

66. မိုး​လင်း​သော​အ​ခါ လူ​ထု​ထဲ​မှ လူ​ကြီး​အ​ဖွဲ့​ဝင်​များ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် စု​ဝေး​ကြ​၍ ကိုယ်​တော်​ကို မိ​မိ​တို့​၏​တ​ရား​လွှတ်​တော်​ထံ​သို့ ခေါ်​ဆောင်​သွား​ပြီး​လျှင်

67. “သင်​သည် ခ​ရစ်​တော်​ဟုတ်​မ​ဟုတ် ငါ​တို့​ကို​ပြော​လော့”​ဟု ဆို​ကြ​၏။ ကိုယ်​တော်​က​လည်း “သင်​တို့​ကို​ငါ​ပြော​လျှင် သင်​တို့​ယုံ​ကြ​မည်​မ​ဟုတ်။

68. သင်​တို့​ကို​ငါ​မေး​လျှင်​လည်း သင်​တို့​ဖြေ​ကြ​မည်​မ​ဟုတ်။

69. သို့​သော် ယ​ခု​မှ​စ​၍ လူ့​သား​သည် ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​လက်​ယာ​ဘက်​၌ ထိုင်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

70. ထို​အ​ခါ ထို​သူ​အ​ပေါင်း​တို့​က “သို့​ဖြစ်​လျှင် သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သ​လော”​ဟု ဆို​ကြ​၏။ ကိုယ်​တော်​က​လည်း “သင်​တို့​ဆို​သည့်​အ​တိုင်း ငါ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

71. သူ​တို့​က​လည်း “ငါ​တို့​ကိုယ်​တိုင် သူ​၏​နှုတ်​မှ ထို​စ​ကား​ကို​ကြား​ရ​ပြီ​ဖြစ်​၍ မည်​သည့်​သက်​သေ​လို​သေး​သ​နည်း”​ဟု ဆို​ကြ​၏။