62. အပြင်သို့ထွက်သွား၍ သည်းထန်စွာငိုကြွေးလေ၏။
63. ယေရှုကိုစောင့်ကြပ်နေသောသူတို့သည် ကိုယ်တော်ကိုပြောင်လှောင်၍ရိုက်နှက်ကြကာ
64. မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် “သင့်အားမည်သူရိုက်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
65. ထို့ပြင် အခြားစကားအမျိုးမျိုးတို့ဖြင့် ကိုယ်တော်ကိုစော်ကားပြောဆိုကြ၏။
66. မိုးလင်းသောအခါ လူထုထဲမှ လူကြီးအဖွဲ့ဝင်များ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့သည် စုဝေးကြ၍ ကိုယ်တော်ကို မိမိတို့၏တရားလွှတ်တော်ထံသို့ ခေါ်ဆောင်သွားပြီးလျှင်
67. “သင်သည် ခရစ်တော်ဟုတ်မဟုတ် ငါတို့ကိုပြောလော့”ဟု ဆိုကြ၏။ ကိုယ်တော်ကလည်း “သင်တို့ကိုငါပြောလျှင် သင်တို့ယုံကြမည်မဟုတ်။
68. သင်တို့ကိုငါမေးလျှင်လည်း သင်တို့ဖြေကြမည်မဟုတ်။
69. သို့သော် ယခုမှစ၍ လူ့သားသည် ဘုရားသခင်၏တန်ခိုးတော်လက်ယာဘက်၌ ထိုင်လိမ့်မည်”ဟု မိန့်တော်မူ၏။
70. ထိုအခါ ထိုသူအပေါင်းတို့က “သို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏သားတော်ဖြစ်သလော”ဟု ဆိုကြ၏။ ကိုယ်တော်ကလည်း “သင်တို့ဆိုသည့်အတိုင်း ငါဖြစ်၏”ဟု မိန့်တော်မူ၏။
71. သူတို့ကလည်း “ငါတို့ကိုယ်တိုင် သူ၏နှုတ်မှ ထိုစကားကိုကြားရပြီဖြစ်၍ မည်သည့်သက်သေလိုသေးသနည်း”ဟု ဆိုကြ၏။