Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:58-60 Myanmar Standard Bible (MSB)

58. ထို့​နောက် ခ​ဏ​ကြာ​သော် အ​ခြား​သော​သူ​တစ်​ဦး​သည် ပေ​တ​ရု​ကို​မြင်​၍ “သင်​သည်​လည်း သူ​တို့​ထဲ​က​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​၏။ သို့​သော် ပေ​တ​ရု​က “အ​ချင်း​လူ၊ ငါ​သည် သူ​တို့​ထဲ​က​မ​ဟုတ်”​ဟု ဆို​လေ​၏။

59. တစ်​ဖန် တစ်​နာ​ရီ​ခန့်​ကြာ​သော် အ​ခြား​သော​သူ​တစ်​ဦး​က “အ​မှန်​စင်​စစ် ဤ​သူ​သည်​လည်း ထို​သူ​နှင့်​အ​တူ​ရှိ​ခဲ့​သည်။ အ​ကြောင်း​မူ​ကား သူ​သည်​လည်း ဂါ​လိ​လဲ​နယ်​သား​ဖြစ်​သည်”​ဟု အ​ခိုင်​အ​မာ​ပြော​ဆို​၏။

60. သို့​သော် ပေ​တ​ရု​က “အ​ချင်း​လူ၊ သင်​ပြော​နေ​သည့်​အ​ရာ​ကို ငါ​မ​သိ”​ဟု ဆို​၏။ ထို​သို့ သူ​ပြော​နေ​သည့်​အ​ချိန်​၌​ပင် ကြက်​တွန်​လေ​၏။