Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:52-60 Myanmar Standard Bible (MSB)

52. ထို့​နောက် ယေ​ရှု​သည် မိ​မိ​ကို​ဖမ်း​ဆီး​ရန်​ရောက်​လာ​ကြ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​အား “သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ တုတ်၊ ဓား​များ​ကိုင်​ဆောင်​လျက် လာ​ကြ​သ​လော။

53. သင်​တို့​သည် နေ့​တိုင်း ငါ​နှင့်​အ​တူ​ဗိ​မာန်​တော်​၌​ရှိ​ကြ​စဉ် ငါ့​ကို​မ​ဖမ်း​ကြ။ သို့​သော် ဤ​သည်​ကား သင်​တို့​၏​အ​ချိန်​ဖြစ်​ပြီး မှောင်​မိုက်​ခြင်း​၏​အ​ခွင့်​အာ​ဏာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

54. ထို့​နောက် သူ​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​၍ ဆွဲ​ခေါ်​သွား​ကာ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​သို့ ခေါ်​ဆောင်​လာ​ကြ​၏။ ပေ​တ​ရု​မူ​ကား မ​လှမ်း​မ​ကမ်း​မှ​လိုက်​သွား​လေ​၏။

55. သူ​တို့​သည် ခြံ​ဝင်း​အ​လယ်​တွင် မီး​ဖို​၍ စု​ဝေး​လျက်​ထိုင်​နေ​ကြ​သ​ဖြင့် ပေ​တ​ရု​သည်​လည်း သူ​တို့​အ​ကြား​၌​ထိုင်​လေ​၏။

56. ထို​အ​ခါ အ​စေ​ခံ​မိန်း​မ​တစ်​ဦး​သည် မီး​ဖို​၏​အ​လင်း​၌​ထိုင်​နေ​သော ပေ​တ​ရု​ကို​မြင်​၍ သူ့​ကို​စေ့​စေ့​ကြည့်​လျက် “ဤ​သူ​သည်​လည်း ထို​သူ​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။

57. သို့​သော် ပေ​တ​ရု​က “အ​ချင်း​မိန်း​မ၊ ထို​သူ​ကို​ငါ​မ​သိ”​ဟု ငြင်း​ဆို​လေ​၏။

58. ထို့​နောက် ခ​ဏ​ကြာ​သော် အ​ခြား​သော​သူ​တစ်​ဦး​သည် ပေ​တ​ရု​ကို​မြင်​၍ “သင်​သည်​လည်း သူ​တို့​ထဲ​က​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​၏။ သို့​သော် ပေ​တ​ရု​က “အ​ချင်း​လူ၊ ငါ​သည် သူ​တို့​ထဲ​က​မ​ဟုတ်”​ဟု ဆို​လေ​၏။

59. တစ်​ဖန် တစ်​နာ​ရီ​ခန့်​ကြာ​သော် အ​ခြား​သော​သူ​တစ်​ဦး​က “အ​မှန်​စင်​စစ် ဤ​သူ​သည်​လည်း ထို​သူ​နှင့်​အ​တူ​ရှိ​ခဲ့​သည်။ အ​ကြောင်း​မူ​ကား သူ​သည်​လည်း ဂါ​လိ​လဲ​နယ်​သား​ဖြစ်​သည်”​ဟု အ​ခိုင်​အ​မာ​ပြော​ဆို​၏။

60. သို့​သော် ပေ​တ​ရု​က “အ​ချင်း​လူ၊ သင်​ပြော​နေ​သည့်​အ​ရာ​ကို ငါ​မ​သိ”​ဟု ဆို​၏။ ထို​သို့ သူ​ပြော​နေ​သည့်​အ​ချိန်​၌​ပင် ကြက်​တွန်​လေ​၏။