Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:5-18 Myanmar Standard Bible (MSB)

5. သူ​တို့​သည် ဝမ်း​မြောက်​၍ ယု​ဒ​ကို​ငွေ​ပေး​ရန် သ​ဘော​တူ​ဆုံး​ဖြတ်​ကြ​၏။

6. ယု​ဒ​သည်​လည်း သ​ဘော​တူ​၍ လူ​ထု​ပ​ရိ​သတ်​မ​ရှိ​သည့်​အ​ချိန်​၌ ကိုယ်​တော်​ကို သူ​တို့​လက်​သို့​အပ်​နှံ​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​ကြံ​လျက်​နေ​၏။

7. တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​နေ့​တည်း​ဟူ​သော ပ​သ​ခါ​ပွဲ​တော်​အ​တွက် သိုး​သ​ငယ်​ကို​ပူ​ဇော်​ရ​သော​နေ့​ရောက်​လာ​သ​ဖြင့်

8. ကိုယ်​တော်​သည် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​အား “ပ​သ​ခါ​ပွဲ​တော်​ကို ငါ​တို့​စား​ရန် သွား​၍​ပြင်​ဆင်​ကြ​လော့”​ဟု မိန့်​တော်​မူ​လျက် သူ​တို့​ကို​စေ​လွှတ်​တော်​မူ​၏။

9. သူ​တို့​က​လည်း “ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား အ​ဘယ်​မှာ​ပြင်​ဆင်​စေ​လို​ပါ​သ​နည်း”​ဟု မေး​လျှောက်​ကြ​သော်

10. ကိုယ်​တော်​က “သင်​တို့​သည် မြို့​ထဲ​သို့​ဝင်​သော​အ​ခါ ရေ​အိုး​ထမ်း​သော​လူ​တစ်​ဦး​သည် သင်​တို့​ကို​ကြို​ဆို​လိမ့်​မည်။ ထို​သူ​ဝင်​သော​အိမ်​ထဲ​သို့ လိုက်​သွား​ပြီး​လျှင်

11. အိမ်​ရှင်​အား ‘ဆ​ရာ​က ငါ​၏​တ​ပည့်​များ​နှင့်​အ​တူ ပ​သ​ခါ​ပွဲ​တော်​ည​စာ​ကို သုံး​ဆောင်​ရ​မည့်​အ​ခန်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု သင့်​အား မေး​လိုက်​ပါ​သည်’​ဟူ​၍ ပြော​ကြ​လော့။

12. ထို​သူ​သည် ခင်း​ကျင်း​ထား​သော အ​ပေါ်​ထပ်​ခန်း​မ​ကို သင်​တို့​အား​ပြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ပြင်​ဆင်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

13. သူ​တို့​သည်​လည်း သွား​၍ မိ​မိ​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း​တွေ့​သ​ဖြင့် ပ​သ​ခါ​ပွဲ​တော်​ကို​ပြင်​ဆင်​ကြ​၏။

14. အ​ချိန်​ရောက်​သော​အ​ခါ ကိုယ်​တော်​သည် တ​မန်​တော်​တို့​နှင့်​အ​တူ စား​ပွဲ​၌​ထိုင်​တော်​မူ​၏။

15. ကိုယ်​တော်​က “ငါ​သည် ဒုက္ခ​ဝေ​ဒ​နာ​မ​ခံ​စား​ရ​မီ ဤ​ပ​သ​ခါ​ပွဲ​တော်​ကို သင်​တို့​နှင့်​အ​တူ​စား​ရန် အ​လွန်​အ​လို​ရှိ​၏။

16. သင်​တို့​အား ငါ​ဆို​သည်​ကား ပ​သ​ခါ​ပွဲ​တော်​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင် ပြည့်​စုံ​ခြင်း​သို့​မ​ရောက်​မီ​တိုင်​အောင် ဤ​ပွဲ​တော်​ကို ငါ​လုံး​ဝ​စား​လိမ့်​မည်​မ​ဟုတ်”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

17. ထို့​နောက် ခွက်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် “ဤ​ခွက်​ကို​ယူ​၍ အ​ချင်း​ချင်း​ဝေ​သောက်​ကြ​လော့။

18. သင်​တို့​အား ငါ​ဆို​သည်​ကား ယ​ခု​မှ​စ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​မ​ပေါ်​ထွန်း​မီ​တိုင်​အောင် စ​ပျစ်​သီး​မှ​ဖြစ်​သော​အ​ရည်​ကို ငါ​လုံး​ဝ​သောက်​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။