Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:47-53 Myanmar Standard Bible (MSB)

47. ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​စဉ် လူ​အ​စု​အ​ဝေး​တို့​သည်​ရောက်​လာ​ကြ​၏။ တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သော ယု​ဒ​ဆို​သူ​သည် သူ​တို့​ကို​ဦး​ဆောင်​လာ​၍ ယေ​ရှု​ကို​နမ်း​ရန် ချဉ်း​ကပ်​လေ​၏။

48. သို့​သော် ယေ​ရှု​က “ယု​ဒ၊ သင်​သည် လူ့​သား​ကို အ​နမ်း​ဖြင့်​အပ်​နှံ​မည်​လော”​ဟု မေး​တော်​မူ​၏။

49. ကိုယ်​တော်​၏​အ​နီး​၌​ရှိ​သော​သူ​တို့​သည် ဖြစ်​လာ​မည့်​အ​ရာ​ကို​သိ​မြင်​၍ “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့ ဓား​နှင့်​ခုတ်​ရ​မည်​လော”​ဟု မေး​လျှောက်​ကြ​ပြီး​လျှင်

50. သူ​တို့​ထဲ​မှ​တစ်​ယောက်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​အ​ပါး​တစ်​ဦး​ကို​ခုတ်​သ​ဖြင့် ထို​သူ​၏​ယာ​ဘက်​နား​ရွက်​ပြတ်​သွား​လေ​၏။

51. ထို​အ​ခါ ယေ​ရှု​က “ဤ​မျှ​နှင့်​ရပ်​လော့”​ဟု မိန့်​တော်​မူ​ပြီး​လျှင် ထို​သူ​၏​နား​ရွက်​ကို လက်​တော်​နှင့်​တို့​ထိ​လျက် အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​တော်​မူ​၏။

52. ထို့​နောက် ယေ​ရှု​သည် မိ​မိ​ကို​ဖမ်း​ဆီး​ရန်​ရောက်​လာ​ကြ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​အား “သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ တုတ်၊ ဓား​များ​ကိုင်​ဆောင်​လျက် လာ​ကြ​သ​လော။

53. သင်​တို့​သည် နေ့​တိုင်း ငါ​နှင့်​အ​တူ​ဗိ​မာန်​တော်​၌​ရှိ​ကြ​စဉ် ငါ့​ကို​မ​ဖမ်း​ကြ။ သို့​သော် ဤ​သည်​ကား သင်​တို့​၏​အ​ချိန်​ဖြစ်​ပြီး မှောင်​မိုက်​ခြင်း​၏​အ​ခွင့်​အာ​ဏာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။