Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:31-34 Myanmar Standard Bible (MSB)

31. ရှိ​မုန်၊ ရှိ​မုန်၊ နား​ထောင်​လော့။ ဂျုံ​ကို​ဆန်​ခါ​ချ​သ​ကဲ့​သို့ စာ​တန်​သည် သင်​တို့​ကို ဆန်​ခါ​ချ​ရန် အ​ခွင့်​တောင်း​လေ​ပြီ။

32. သို့​သော် သင်​၏​ယုံ​ကြည်​ခြင်း​မ​ဆုံး​ရှုံး​မည့်​အ​ကြောင်း သင့်​အ​တွက် ငါ​ဆု​တောင်း​ပြီ။ သို့​ဖြစ်​၍ သင်​သည် သ​တိ​တ​ရား​ပြန်​ရ​သော​အ​ခါ သင်​၏​ညီ​အစ်​ကို​များ​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​လော့”​ဟု မိန့်​တော်​မူ​၏။

33. ထို​အ​ခါ ပေ​တ​ရု​က “သ​ခင်၊ အ​ကျွန်ုပ်​သည် ထောင်​ထဲ​သို့​ဖြစ်​စေ၊ သေ​ခြင်း​အ​ထိ​ဖြစ်​စေ ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ရန် အ​သင့်​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

34. ကိုယ်​တော်​က​လည်း “ပေ​တ​ရု၊ သင့်​အား ငါ​ဆို​မည်။ ယ​နေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။