3. ထိုအခါ စာတန်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့တွင် အပါအဝင်ဖြစ်သည့် ဣရှကာရုတ်ဟုခေါ်သော ယုဒထဲသို့ဝင်သဖြင့်
4. သူသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဗိမာန်တော်အစောင့်တပ်မှူးတို့ထံသို့သွား၍ ကိုယ်တော်ကို သူတို့လက်သို့ မည်ကဲ့သို့အပ်နှံရမည်နည်းဟု သူတို့နှင့်အတူတိုင်ပင်လေ၏။
5. သူတို့သည် ဝမ်းမြောက်၍ ယုဒကိုငွေပေးရန် သဘောတူဆုံးဖြတ်ကြ၏။
6. ယုဒသည်လည်း သဘောတူ၍ လူထုပရိသတ်မရှိသည့်အချိန်၌ ကိုယ်တော်ကို သူတို့လက်သို့အပ်နှံရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
7. တဆေးမဲ့မုန့်ပွဲတော်နေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့ရောက်လာသဖြင့်