Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:29-44 Myanmar Standard Bible (MSB)

29. ငါ​၏​ခ​မည်း​တော်​သည် နိုင်​ငံ​တော်​ကို ငါ့​အား​အပ်​နှင်း​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​လည်း နိုင်​ငံ​တော်​ကို သင်​တို့​အား​အပ်​နှင်း​သ​ဖြင့်

30. သင်​တို့​သည် ငါ​၏​နိုင်​ငံ​တော်​၌ ငါ​၏​စား​ပွဲ​တွင်​ထိုင်​လျက် စား​သောက်​ကြ​ရ​လိမ့်​မည်။ ထို့​ပြင် ပလ္လင်​များ​ပေါ်​ထိုင်​လျက် အစ္စ​ရေး​မျိုး​နွယ်​စု​တစ်​ဆယ့်​နှစ်​စု​တို့​ကို တ​ရား​စီ​ရင်​ကြ​ရ​လိမ့်​မည်။

31. ရှိ​မုန်၊ ရှိ​မုန်၊ နား​ထောင်​လော့။ ဂျုံ​ကို​ဆန်​ခါ​ချ​သ​ကဲ့​သို့ စာ​တန်​သည် သင်​တို့​ကို ဆန်​ခါ​ချ​ရန် အ​ခွင့်​တောင်း​လေ​ပြီ။

32. သို့​သော် သင်​၏​ယုံ​ကြည်​ခြင်း​မ​ဆုံး​ရှုံး​မည့်​အ​ကြောင်း သင့်​အ​တွက် ငါ​ဆု​တောင်း​ပြီ။ သို့​ဖြစ်​၍ သင်​သည် သ​တိ​တ​ရား​ပြန်​ရ​သော​အ​ခါ သင်​၏​ညီ​အစ်​ကို​များ​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​လော့”​ဟု မိန့်​တော်​မူ​၏။

33. ထို​အ​ခါ ပေ​တ​ရု​က “သ​ခင်၊ အ​ကျွန်ုပ်​သည် ထောင်​ထဲ​သို့​ဖြစ်​စေ၊ သေ​ခြင်း​အ​ထိ​ဖြစ်​စေ ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ရန် အ​သင့်​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

34. ကိုယ်​တော်​က​လည်း “ပေ​တ​ရု၊ သင့်​အား ငါ​ဆို​မည်။ ယ​နေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

35. ထို့​နောက် ကိုယ်​တော်​က “ငါ​သည် သင်​တို့​ကို ငွေ​အိတ်၊ လွယ်​အိတ်​နှင့် ဖိ​နပ်​မ​ပါ​ဘဲ စေ​လွှတ်​သော​အ​ခါ သင်​တို့​တွင် လို​အပ်​မှု​တစ်​စုံ​တစ်​ရာ​ရှိ​ခဲ့​သ​လော”​ဟု တ​ပည့်​တော်​တို့​အား​မေး​တော်​မူ​လျှင် သူ​တို့​က “မ​ရှိ​ခဲ့​ပါ”​ဟု လျှောက်​ကြ​၏။

36. ကိုယ်​တော်​က​လည်း “ယ​ခု​မူ​ကား ငွေ​အိတ်​ရှိ​သော​သူ​သည် ယူ​သွား​စေ။ ထို​နည်း​တူ လွယ်​အိတ်​ကို​လည်း ယူ​သွား​စေ။ ဓား​မ​ရှိ​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​ရောင်း​၍ ဓား​ကို​ဝယ်​စေ။

37. သင်​တို့​အား ငါ​ဆို​သည်​ကား ‘သူ​သည် တ​ရား​မဲ့​သော​သူ​တို့​၏​စာ​ရင်း​တွင် ထည့်​သွင်း​ခြင်း​ခံ​ရ​၏’​ဟု ရေး​ထား​သော​အ​ရာ​သည် ငါ​၌​ပြည့်​စုံ​ရ​မည်။ အ​မှန်​စင်​စစ် ငါ​နှင့်​ပတ်​သက်​သော​အ​ရာ​သည် ဆုံး​ခန်း​သို့​ရောက်​နေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

38. ထို​အ​ခါ သူ​တို့​က “သ​ခင်၊ ဤ​မှာ​ဓား​နှစ်​လက်​ရှိ​ပါ​၏”​ဟု လျှောက်​ကြ​လျှင် ကိုယ်​တော်​က “လုံ​လောက်​ပြီ”​ဟု မိန့်​တော်​မူ​၏။

39. ထို့​နောက် ကိုယ်​တော်​သည်​ထွက်​ခွာ​၍ ပြု​လေ့​ရှိ​သည့်​အ​တိုင်း သံ​လွင်​တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။

40. ထို​အ​ရပ်​သို့​ရောက်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​က “ဖြား​ယောင်း​သွေး​ဆောင်​ရာ​ထဲ​သို့ မ​ကျ​ရောက်​စေ​ရန် ဆု​တောင်း​ကြ​လော့”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

41. ထို့​နောက် ကိုယ်​တော်​သည် သူ​တို့​ထံ​မှ​ခဲ​တစ်​ပစ်​စာ​ခန့်​ခွာ​သွား​၍ ဒူး​ထောက်​လျက်

42. “အို အ​ဖ၊ အ​လို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ ဖယ်​ရှား​ပေး​တော်​မူ​ပါ။ သို့​သော် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ဘဲ ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ”​ဟု ဆု​တောင်း​တော်​မူ​၏။

43. ထို​အ​ခါ ကောင်း​ကင်​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကိုယ်​တော်​ထံ​သို့​ထင်​ရှား​၍ ကိုယ်​တော်​ကို​အား​ပေး​လေ​၏။

44. ကိုယ်​တော်​သည် ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​စား​လျက် ပို​၍​ပြင်း​ပြ​စွာ​ဆု​တောင်း​တော်​မူ​ရာ ကိုယ်​တော်​၏​ချွေး​သည် မြေ​ပေါ်​သို့​ကျ​သော​သွေး​စက်​သ​ဖွယ်​ဖြစ်​လေ​၏။