Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:25-38 Myanmar Standard Bible (MSB)

25. သို့​သော် ကိုယ်​တော်​က “လူ​မျိုး​ခြား​တို့​၏​ဘု​ရင်​များ​သည် ပြည်​သူ​တို့​အ​ပေါ် အ​စိုး​တ​ရ​ပြု​တတ်​ကြ​၏။ လူ​တို့​အ​ပေါ်​အာ​ဏာ​ရှိ​သော​သူ​များ​သည်​လည်း အ​များ​အ​ကျိုး​ဆောင်​သူ​ဟု ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ကြ​ရ​၏။

26. သင်​တို့​မူ​ကား ထို​သို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သော​သူ​သည် အ​ငယ်​ဆုံး​သော​သူ​ကဲ့​သို့​ဖြစ်​ရ​မည်။ ဦး​ဆောင်​သော​သူ​သည် လုပ်​ကျွေး​ပြု​စု​သော​သူ​ကဲ့​သို့​ဖြစ်​ရ​မည်။

27. စား​ပွဲ​၌​ထိုင်​နေ​သော​သူ​နှင့် လုပ်​ကျွေး​ပြု​စု​သော​သူ​တို့​တွင် မည်​သူ​သည် ပို​၍​ကြီး​မြတ်​သ​နည်း။ စား​ပွဲ​၌​ထိုင်​နေ​သော​သူ​မ​ဟုတ်​လော။ သို့​သော် ငါ​သည် သင်​တို့​အ​လယ်​တွင် လုပ်​ကျွေး​ပြု​စု​သော​သူ​ကဲ့​သို့​ဖြစ်​၏။

28. စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​ကို​ငါ​ခံ​ရ​စဉ် သင်​တို့​သည် ငါ​နှင့်​အ​တူ​ရပ်​တည်​ခဲ့​သော​သူ​များ​ဖြစ်​ကြ​၏။

29. ငါ​၏​ခ​မည်း​တော်​သည် နိုင်​ငံ​တော်​ကို ငါ့​အား​အပ်​နှင်း​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​လည်း နိုင်​ငံ​တော်​ကို သင်​တို့​အား​အပ်​နှင်း​သ​ဖြင့်

30. သင်​တို့​သည် ငါ​၏​နိုင်​ငံ​တော်​၌ ငါ​၏​စား​ပွဲ​တွင်​ထိုင်​လျက် စား​သောက်​ကြ​ရ​လိမ့်​မည်။ ထို့​ပြင် ပလ္လင်​များ​ပေါ်​ထိုင်​လျက် အစ္စ​ရေး​မျိုး​နွယ်​စု​တစ်​ဆယ့်​နှစ်​စု​တို့​ကို တ​ရား​စီ​ရင်​ကြ​ရ​လိမ့်​မည်။

31. ရှိ​မုန်၊ ရှိ​မုန်၊ နား​ထောင်​လော့။ ဂျုံ​ကို​ဆန်​ခါ​ချ​သ​ကဲ့​သို့ စာ​တန်​သည် သင်​တို့​ကို ဆန်​ခါ​ချ​ရန် အ​ခွင့်​တောင်း​လေ​ပြီ။

32. သို့​သော် သင်​၏​ယုံ​ကြည်​ခြင်း​မ​ဆုံး​ရှုံး​မည့်​အ​ကြောင်း သင့်​အ​တွက် ငါ​ဆု​တောင်း​ပြီ။ သို့​ဖြစ်​၍ သင်​သည် သ​တိ​တ​ရား​ပြန်​ရ​သော​အ​ခါ သင်​၏​ညီ​အစ်​ကို​များ​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​လော့”​ဟု မိန့်​တော်​မူ​၏။

33. ထို​အ​ခါ ပေ​တ​ရု​က “သ​ခင်၊ အ​ကျွန်ုပ်​သည် ထောင်​ထဲ​သို့​ဖြစ်​စေ၊ သေ​ခြင်း​အ​ထိ​ဖြစ်​စေ ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ရန် အ​သင့်​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

34. ကိုယ်​တော်​က​လည်း “ပေ​တ​ရု၊ သင့်​အား ငါ​ဆို​မည်။ ယ​နေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

35. ထို့​နောက် ကိုယ်​တော်​က “ငါ​သည် သင်​တို့​ကို ငွေ​အိတ်၊ လွယ်​အိတ်​နှင့် ဖိ​နပ်​မ​ပါ​ဘဲ စေ​လွှတ်​သော​အ​ခါ သင်​တို့​တွင် လို​အပ်​မှု​တစ်​စုံ​တစ်​ရာ​ရှိ​ခဲ့​သ​လော”​ဟု တ​ပည့်​တော်​တို့​အား​မေး​တော်​မူ​လျှင် သူ​တို့​က “မ​ရှိ​ခဲ့​ပါ”​ဟု လျှောက်​ကြ​၏။

36. ကိုယ်​တော်​က​လည်း “ယ​ခု​မူ​ကား ငွေ​အိတ်​ရှိ​သော​သူ​သည် ယူ​သွား​စေ။ ထို​နည်း​တူ လွယ်​အိတ်​ကို​လည်း ယူ​သွား​စေ။ ဓား​မ​ရှိ​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​ရောင်း​၍ ဓား​ကို​ဝယ်​စေ။

37. သင်​တို့​အား ငါ​ဆို​သည်​ကား ‘သူ​သည် တ​ရား​မဲ့​သော​သူ​တို့​၏​စာ​ရင်း​တွင် ထည့်​သွင်း​ခြင်း​ခံ​ရ​၏’​ဟု ရေး​ထား​သော​အ​ရာ​သည် ငါ​၌​ပြည့်​စုံ​ရ​မည်။ အ​မှန်​စင်​စစ် ငါ​နှင့်​ပတ်​သက်​သော​အ​ရာ​သည် ဆုံး​ခန်း​သို့​ရောက်​နေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

38. ထို​အ​ခါ သူ​တို့​က “သ​ခင်၊ ဤ​မှာ​ဓား​နှစ်​လက်​ရှိ​ပါ​၏”​ဟု လျှောက်​ကြ​လျှင် ကိုယ်​တော်​က “လုံ​လောက်​ပြီ”​ဟု မိန့်​တော်​မူ​၏။