Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:21-34 Myanmar Standard Bible (MSB)

21. သို့​သော် ငါ့​ကို​အပ်​နှံ​မည့်​သူ​၏​လက်​သည် ငါ​နှင့်​အ​တူ​စား​ပွဲ​ပေါ်​၌​ရှိ​၏။

22. လူ့​သား​သည်​ချ​မှတ်​ထား​ခြင်း​ခံ​ရ​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

23. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​တွင် မည်​သူ​သည် ထို​သို့​ပြု​ရန်​ကြံ​ရွယ်​နေ​သ​နည်း​ဟု အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။

24. ထို့​နောက် သူ​တို့​တွင် မည်​သူ့​ကို အ​ကြီး​မြတ်​ဆုံး​ဖြစ်​သည်​ဟု မှတ်​ယူ​ရ​မည်​ကို​လည်း အ​ချင်း​ချင်း​အ​ငြင်း​ပွား​ကြ​၏။

25. သို့​သော် ကိုယ်​တော်​က “လူ​မျိုး​ခြား​တို့​၏​ဘု​ရင်​များ​သည် ပြည်​သူ​တို့​အ​ပေါ် အ​စိုး​တ​ရ​ပြု​တတ်​ကြ​၏။ လူ​တို့​အ​ပေါ်​အာ​ဏာ​ရှိ​သော​သူ​များ​သည်​လည်း အ​များ​အ​ကျိုး​ဆောင်​သူ​ဟု ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ကြ​ရ​၏။

26. သင်​တို့​မူ​ကား ထို​သို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သော​သူ​သည် အ​ငယ်​ဆုံး​သော​သူ​ကဲ့​သို့​ဖြစ်​ရ​မည်။ ဦး​ဆောင်​သော​သူ​သည် လုပ်​ကျွေး​ပြု​စု​သော​သူ​ကဲ့​သို့​ဖြစ်​ရ​မည်။

27. စား​ပွဲ​၌​ထိုင်​နေ​သော​သူ​နှင့် လုပ်​ကျွေး​ပြု​စု​သော​သူ​တို့​တွင် မည်​သူ​သည် ပို​၍​ကြီး​မြတ်​သ​နည်း။ စား​ပွဲ​၌​ထိုင်​နေ​သော​သူ​မ​ဟုတ်​လော။ သို့​သော် ငါ​သည် သင်​တို့​အ​လယ်​တွင် လုပ်​ကျွေး​ပြု​စု​သော​သူ​ကဲ့​သို့​ဖြစ်​၏။

28. စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​ကို​ငါ​ခံ​ရ​စဉ် သင်​တို့​သည် ငါ​နှင့်​အ​တူ​ရပ်​တည်​ခဲ့​သော​သူ​များ​ဖြစ်​ကြ​၏။

29. ငါ​၏​ခ​မည်း​တော်​သည် နိုင်​ငံ​တော်​ကို ငါ့​အား​အပ်​နှင်း​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​လည်း နိုင်​ငံ​တော်​ကို သင်​တို့​အား​အပ်​နှင်း​သ​ဖြင့်

30. သင်​တို့​သည် ငါ​၏​နိုင်​ငံ​တော်​၌ ငါ​၏​စား​ပွဲ​တွင်​ထိုင်​လျက် စား​သောက်​ကြ​ရ​လိမ့်​မည်။ ထို့​ပြင် ပလ္လင်​များ​ပေါ်​ထိုင်​လျက် အစ္စ​ရေး​မျိုး​နွယ်​စု​တစ်​ဆယ့်​နှစ်​စု​တို့​ကို တ​ရား​စီ​ရင်​ကြ​ရ​လိမ့်​မည်။

31. ရှိ​မုန်၊ ရှိ​မုန်၊ နား​ထောင်​လော့။ ဂျုံ​ကို​ဆန်​ခါ​ချ​သ​ကဲ့​သို့ စာ​တန်​သည် သင်​တို့​ကို ဆန်​ခါ​ချ​ရန် အ​ခွင့်​တောင်း​လေ​ပြီ။

32. သို့​သော် သင်​၏​ယုံ​ကြည်​ခြင်း​မ​ဆုံး​ရှုံး​မည့်​အ​ကြောင်း သင့်​အ​တွက် ငါ​ဆု​တောင်း​ပြီ။ သို့​ဖြစ်​၍ သင်​သည် သ​တိ​တ​ရား​ပြန်​ရ​သော​အ​ခါ သင်​၏​ညီ​အစ်​ကို​များ​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​လော့”​ဟု မိန့်​တော်​မူ​၏။

33. ထို​အ​ခါ ပေ​တ​ရု​က “သ​ခင်၊ အ​ကျွန်ုပ်​သည် ထောင်​ထဲ​သို့​ဖြစ်​စေ၊ သေ​ခြင်း​အ​ထိ​ဖြစ်​စေ ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ရန် အ​သင့်​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

34. ကိုယ်​တော်​က​လည်း “ပေ​တ​ရု၊ သင့်​အား ငါ​ဆို​မည်။ ယ​နေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။