Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:2-10 Myanmar Standard Bible (MSB)

2. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို​သတ်​နိုင်​မည့်​နည်း​လမ်း​ကို ရှာ​ကြံ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် လူ​တို့​ကို​ကြောက်​ရွံ့​ကြ​၏။

3. ထို​အ​ခါ စာ​တန်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​တွင် အ​ပါ​အ​ဝင်​ဖြစ်​သည့် ဣ​ရှ​ကာ​ရုတ်​ဟု​ခေါ်​သော ယု​ဒ​ထဲ​သို့​ဝင်​သ​ဖြင့်

4. သူ​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​တို့​ထံ​သို့​သွား​၍ ကိုယ်​တော်​ကို သူ​တို့​လက်​သို့ မည်​ကဲ့​သို့​အပ်​နှံ​ရ​မည်​နည်း​ဟု သူ​တို့​နှင့်​အ​တူ​တိုင်​ပင်​လေ​၏။

5. သူ​တို့​သည် ဝမ်း​မြောက်​၍ ယု​ဒ​ကို​ငွေ​ပေး​ရန် သ​ဘော​တူ​ဆုံး​ဖြတ်​ကြ​၏။

6. ယု​ဒ​သည်​လည်း သ​ဘော​တူ​၍ လူ​ထု​ပ​ရိ​သတ်​မ​ရှိ​သည့်​အ​ချိန်​၌ ကိုယ်​တော်​ကို သူ​တို့​လက်​သို့​အပ်​နှံ​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​ကြံ​လျက်​နေ​၏။

7. တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​နေ့​တည်း​ဟူ​သော ပ​သ​ခါ​ပွဲ​တော်​အ​တွက် သိုး​သ​ငယ်​ကို​ပူ​ဇော်​ရ​သော​နေ့​ရောက်​လာ​သ​ဖြင့်

8. ကိုယ်​တော်​သည် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​အား “ပ​သ​ခါ​ပွဲ​တော်​ကို ငါ​တို့​စား​ရန် သွား​၍​ပြင်​ဆင်​ကြ​လော့”​ဟု မိန့်​တော်​မူ​လျက် သူ​တို့​ကို​စေ​လွှတ်​တော်​မူ​၏။

9. သူ​တို့​က​လည်း “ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား အ​ဘယ်​မှာ​ပြင်​ဆင်​စေ​လို​ပါ​သ​နည်း”​ဟု မေး​လျှောက်​ကြ​သော်

10. ကိုယ်​တော်​က “သင်​တို့​သည် မြို့​ထဲ​သို့​ဝင်​သော​အ​ခါ ရေ​အိုး​ထမ်း​သော​လူ​တစ်​ဦး​သည် သင်​တို့​ကို​ကြို​ဆို​လိမ့်​မည်။ ထို​သူ​ဝင်​သော​အိမ်​ထဲ​သို့ လိုက်​သွား​ပြီး​လျှင်