Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:14-22 Myanmar Standard Bible (MSB)

14. အ​ချိန်​ရောက်​သော​အ​ခါ ကိုယ်​တော်​သည် တ​မန်​တော်​တို့​နှင့်​အ​တူ စား​ပွဲ​၌​ထိုင်​တော်​မူ​၏။

15. ကိုယ်​တော်​က “ငါ​သည် ဒုက္ခ​ဝေ​ဒ​နာ​မ​ခံ​စား​ရ​မီ ဤ​ပ​သ​ခါ​ပွဲ​တော်​ကို သင်​တို့​နှင့်​အ​တူ​စား​ရန် အ​လွန်​အ​လို​ရှိ​၏။

16. သင်​တို့​အား ငါ​ဆို​သည်​ကား ပ​သ​ခါ​ပွဲ​တော်​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင် ပြည့်​စုံ​ခြင်း​သို့​မ​ရောက်​မီ​တိုင်​အောင် ဤ​ပွဲ​တော်​ကို ငါ​လုံး​ဝ​စား​လိမ့်​မည်​မ​ဟုတ်”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

17. ထို့​နောက် ခွက်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် “ဤ​ခွက်​ကို​ယူ​၍ အ​ချင်း​ချင်း​ဝေ​သောက်​ကြ​လော့။

18. သင်​တို့​အား ငါ​ဆို​သည်​ကား ယ​ခု​မှ​စ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​မ​ပေါ်​ထွန်း​မီ​တိုင်​အောင် စ​ပျစ်​သီး​မှ​ဖြစ်​သော​အ​ရည်​ကို ငါ​လုံး​ဝ​သောက်​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

19. တစ်​ဖန် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက် “ဤ​မုန့်​ကား သင်​တို့​အ​တွက်​စွန့်​သော ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​ဖို့​ရန် ဤ​သို့​ပြု​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

20. ထို​နည်း​တူ ည​စာ​စား​ပြီး​နောက် ခွက်​ကို​လည်း​ယူ​၍ “ဤ​ခွက်​ကား သင်​တို့​အ​တွက်​သွန်း​လောင်း​သော ငါ​၏​သွေး​၌​တည်​သည့် ပ​ဋိ​ညာဉ်​သစ်​ဖြစ်​၏။

21. သို့​သော် ငါ့​ကို​အပ်​နှံ​မည့်​သူ​၏​လက်​သည် ငါ​နှင့်​အ​တူ​စား​ပွဲ​ပေါ်​၌​ရှိ​၏။

22. လူ့​သား​သည်​ချ​မှတ်​ထား​ခြင်း​ခံ​ရ​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။