Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 2:47-52 Myanmar Standard Bible (MSB)

47. ယေ​ရှု​၏​စ​ကား​ကို​ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည် သူ​၏​ဉာဏ်​စွမ်း​နှင့် ဖြေ​ကြား​ချက်​များ​ကို အံ့​ဩ​ငေး​မော​နေ​ကြ​၏။

48. မိ​ဘ​တို့​သည် သူ့​ကို​တွေ့​သော​အ​ခါ အံ့​အား​သင့်​၍ မယ်​တော်​က “ငါ့​သား၊ အ​ဘယ်​ကြောင့် ငါ​တို့​အား ဤ​သို့​ပြု​ရ​သ​နည်း။ သင့်​ဖ​ခင်​နှင့်​ငါ​သည် သင့်​ကို​စိုး​ရိမ်​တ​ကြီး​ရှာ​ခဲ့​ရ​၏”​ဟု ဆို​လေ​၏။

49. ယေ​ရှု​က​လည်း “အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို​ရှာ​ကြ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်​ခ​မည်း​တော်​၏​အိမ်​၌​နေ​ရ​မည်​ကို မ​သိ​ကြ​သ​လော”​ဟု သူ​တို့​အား​ပြန်​ပြော​လေ​၏။

50. သို့​သော် မိ​ဘ​တို့​သည် မိ​မိ​တို့​အား ယေ​ရှု​ပြော​သော​စ​ကား​ကို နား​မ​လည်​ကြ​ချေ။

51. ထို့​နောက် ယေ​ရှု​သည် မိ​ဘ​တို့​နှင့်​အ​တူ​ပြန်​သွား​၍ နာ​ဇ​ရက်​မြို့​သို့​ရောက်​သော​အ​ခါ သူ​တို့​ကို​နာ​ခံ​လျက်​နေ​တော်​မူ​၏။ မယ်​တော်​မူ​ကား ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မိ​မိ​စိတ်​နှ​လုံး​ထဲ​၌​မှတ်​ကျုံး​ထား​လေ​၏။

52. ယေ​ရှု​သည် ကာ​ယ​ဉာ​ဏ​ကြီး​ထွား​တိုး​ပွား​လျက် ဘု​ရား​သ​ခင်​ရှေ့၊ လူ​တို့​ရှေ့​၌ မျက်​နှာ​ရ​တော်​မူ​၏။