Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 2:39-48 Myanmar Standard Bible (MSB)

39. မိ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား​နှင့်​အ​ညီ အ​ကုန်​အ​စင်​ပြု​ပြီး​သော​အ​ခါ မိ​မိ​တို့​နေ​ရပ်​မြို့​ဖြစ်​သော ဂါ​လိ​လဲ​နယ်​ရှိ နာ​ဇ​ရက်​မြို့​သို့​ပြန်​သွား​ကြ​၏။

40. သူ​ငယ်​သည်​လည်း​ကြီး​ထွား​၍ ကြံ့​ခိုင်​သန်​စွမ်း​လာ​ကာ ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​၏။ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည်​လည်း သူ့​အ​ပေါ်​၌​တည်​လေ​၏။

41. ယေ​ရှု​၏​မိ​ဘ​တို့​သည် ပ​သ​ခါ​ပွဲ​တော်​တွင် နှစ်​တိုင်း ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​လေ့​ရှိ​ကြ​၏။

42. ယေ​ရှု​အ​သက်​တစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော​အ​ခါ​၌​လည်း သူ​တို့​သည်​ပွဲ​တော်​၏​ဓ​လေ့​ထုံး​စံ​အ​တိုင်း တက်​သွား​ကြ​၏။

43. ပွဲ​တော်​ရက်​များ​ပြီး​ဆုံး​၍ သူ​တို့​ပြန်​ကြ​သော​အ​ခါ သူ​ငယ်​ယေ​ရှု​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​နေ​ရစ်​လေ​၏။ မိ​ဘ​တို့​သည် မ​သိ​ကြ​ဘဲ

44. ခ​ရီး​သွား​ဖော်​များ​ကြား​တွင် သူ​ရှိ​နေ​မည်​ဟု​ထင်​မှတ်​လျက် တစ်​နေ့​တာ​ခ​ရီး​ပြု​ကြ​၏။ ထို့​နောက် အ​ဆွေ​အ​မျိုး​အ​သိ​အ​ကျွမ်း​တို့​ကြား​တွင် လိုက်​ရှာ​သော်​လည်း

45. မ​တွေ့​သ​ဖြင့် သူ့​ကို​လိုက်​ရှာ​ရင်း ဂျေ​ရု​ဆ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။

46. သုံး​ရက်​ကြာ​သော​အ​ခါ ယေ​ရှု​သည် ဗိ​မာန်​တော်​၌ ဆ​ရာ​များ​ကြား​တွင်​ထိုင်​၍ သူ​တို့​ကို​နား​ထောင်​လျက် မေး​မြန်း​လျက်​နေ​သည်​ကို မိ​ဘ​တို့​တွေ့​ကြ​၏။

47. ယေ​ရှု​၏​စ​ကား​ကို​ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည် သူ​၏​ဉာဏ်​စွမ်း​နှင့် ဖြေ​ကြား​ချက်​များ​ကို အံ့​ဩ​ငေး​မော​နေ​ကြ​၏။

48. မိ​ဘ​တို့​သည် သူ့​ကို​တွေ့​သော​အ​ခါ အံ့​အား​သင့်​၍ မယ်​တော်​က “ငါ့​သား၊ အ​ဘယ်​ကြောင့် ငါ​တို့​အား ဤ​သို့​ပြု​ရ​သ​နည်း။ သင့်​ဖ​ခင်​နှင့်​ငါ​သည် သင့်​ကို​စိုး​ရိမ်​တ​ကြီး​ရှာ​ခဲ့​ရ​၏”​ဟု ဆို​လေ​၏။