Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 2:21-30-32 Myanmar Standard Bible (MSB)

21. ရှစ်​ရက်​ပြည့်​၍ သူ​ငယ်​အား အ​ရေ​ဖျား​လှီး​ခြင်း​ပေး​သော​အ​ခါ ဝမ်း​၌​သန္ဓေ​မ​တည်​မီ ကောင်း​ကင်​တ​မန်​မှည့်​ခေါ်​ထား​သည့်​အ​တိုင်း သူ့​ကို ယေ​ရှု​အ​မည်​ဖြင့်​မှည့်​ခေါ်​ကြ​၏။

22. ထို့​နောက် မော​ရှေ​၏​ပ​ညတ်​တ​ရား​ကျမ်း​အ​တိုင်း မိ​မိ​တို့​အ​တွက် စင်​ကြယ်​ခြင်း​ဝတ်​ကို​ပြု​ရ​မည့်​နေ့​ရက်​များ​စေ့​သော​အ​ခါ မိ​ဘ​တို့​သည် သူ​ငယ်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​ရန် ဂျေ​ရု​ဆ​လင်​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။

23. ဤ​သည်​ကား ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား​ကျမ်း​တွင် “သား​ဦး​ယောက်ျား​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​တွက် သန့်​ရှင်း​စေ​လျက် ဆက်​ကပ်​ထား​ရ​မည်”​ဟု ရေး​ထား​သည်​နှင့်​အ​ညီ​ဖြစ်​၏။

24. ထို့​ပြင် “ချိုး​ငှက်​တစ်​စုံ သို့​မ​ဟုတ် ခို​ငယ်​နှစ်​ကောင်​ကို ပူ​ဇော်​ရ​မည်”​ဟု ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား​ကျမ်း​၌ ဖော်​ပြ​ထား​သည့်​အ​တိုင်း ယဇ်​ပူ​ဇော်​ကြ​ရန်​အ​တွက်​ဖြစ်​၏။

25. ထို​အ​ခါ​၌ ဂျေ​ရု​ဆ​လင်​မြို့​တွင် ရှိ​မောင်​အ​မည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ဘု​ရား​တ​ရား​ကြည်​ညို​၍ ဖြောင့်​မတ်​သော​သူ​ဖြစ်​ပြီး အစ္စ​ရေး​လူ​မျိုး​ခံ​စား​ရ​မည့်​နှစ်​သိမ့်​မှု​ကို စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​၌​တည်​သည်​ဖြစ်​၍

26. ထာ​ဝ​ရ​ဘု​ရား​၏​ခ​ရစ်​တော်​ကို​မ​မြင်​ရ​မီ သေ​ခြင်း​နှင့်​မ​ကြုံ​ရ​ဟူ​သော​ဗျာ​ဒိတ်​တော်​ကို သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​ရ​ရှိ​ထား​၏။

27. သူ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဗိ​မာန်​တော်​သို့​သွား​ရာ မိ​ဘ​တို့​သည် သူ​ငယ်​အ​တွက် ပ​ညတ်​တ​ရား​၏​ထုံး​တမ်း​စဉ်​လာ​အ​တိုင်း​ပြု​ရန် သူ​ငယ်​ယေ​ရှု​ကို​ခေါ်​ဆောင်​လာ​ကြ​၏။

28. ထို​အ​ခါ ရှိ​မောင်​သည် သူ​ငယ်​ကို​ပွေ့​ချီ​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကာ

29. “စိုး​ပိုင်​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း ကိုယ်​တော်​၏​အ​စေ​အ​ပါး​အား ငြိမ်း​ချမ်း​စွာ​သွား​ရ​သော​အ​ခွင့်​ကို ယ​ခု ကိုယ်​တော်​ပေး​တော်​မူ​ပြီ​ဖြစ်​၏။

30-32. အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​အ​တွက်​ပေါ်​ထွန်း​သော​အ​လင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော် အစ္စ​ရေး​လူ​မျိုး​အ​တွက်​ဘုန်း​အ​သ​ရေ​ဖြစ်​သော လူ​အ​ပေါင်း​တို့​ရှေ့​၌​ပြင်​ဆင်​ထား​သည့် ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​လည်း​ကောင်း အ​ကျွန်ုပ်​၏​မျက်​စိ​ဖြင့် မြင်​ရ​ပါ​ပြီ”​ဟု ဆို​လေ​၏။