Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 18:6-12 Myanmar Standard Bible (MSB)

6. ထို့​နောက် သ​ခင်​ဘု​ရား​က “ထို​မ​တ​ရား​သော​တ​ရား​သူ​ကြီး​ပြော​ဆို​သည့်​အ​ရာ​ကို ကြား​ကြ​သ​လော။

7. ဘု​ရား​သ​ခင်​သည်​လည်း မိ​မိ​ထံ နေ့​ည​မ​ပြတ်​အော်​ဟစ်​တောင်း​လျှောက်​နေ​သည့် မိ​မိ​ရွေး​ကောက်​တော်​မူ​သော​သူ​တို့​အ​တွက် တ​ရား​သ​ဖြင့်​မ​စီ​ရင်​ဘဲ ကြာ​ရှည်​စွာ​ဆိုင်း​ထား​တော်​မူ​လိမ့်​မည်​လော။

8. သင်​တို့​အား ငါ​ဆို​သည်​ကား ဘု​ရား​သ​ခင်​သည် သူ​တို့​အ​တွက် တ​ရား​သ​ဖြင့် လျင်​မြန်​စွာ​စီ​ရင်​ပေး​တော်​မူ​လိမ့်​မည်။ သို့​သော် လူ့​သား​ကြွ​လာ​သော​အ​ခါ မြေ​ကြီး​ပေါ်​၌ ယုံ​ကြည်​ခြင်း​ကို တွေ့​ရ​ပါ​မည်​လော”​ဟု မိန့်​တော်​မူ​၏။

9. မိ​မိ​ကိုယ်​ကို​ဖြောင့်​မတ်​သည်​ဟု​ယုံ​မှတ်​လျက် သူ​တစ်​ပါး​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​သော​သူ​အ​ချို့​တို့​အား ကိုယ်​တော်​သည် ဤ​ပုံ​ဥ​ပ​မာ​ကို​ပေး​၍​မြွက်​ဆို​တော်​မူ​သည်​မှာ

10. “လူ​နှစ်​ဦး​တို့​သည် ဆု​တောင်း​ရန် ဗိ​မာန်​တော်​သို့​တက်​သွား​ကြ​၏။ တစ်​ဦး​သည် ဖာ​ရိ​ရှဲ​ဖြစ်​ပြီး အ​ခြား​တစ်​ဦး​သည် အ​ခွန်​ကောက်​ခံ​သူ​ဖြစ်​၏။

11. ဖာ​ရိ​ရှဲ​သည် တစ်​ဦး​တည်း​ရပ်​လျက် ‘အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ခြား​သူ​များ​ကဲ့​သို့ လိမ်​လည်​လု​ယူ​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကျူး​လွန်​သော​သူ​မ​ဟုတ်​သည့်​အ​ပြင် ဤ​အ​ခွန်​ကောက်​ခံ​သူ​ကဲ့​သို့​လည်း မ​ဟုတ်​သော​ကြောင့် ကိုယ်​တော့်​ကို​ကျေး​ဇူး​တင်​ပါ​၏။

12. အ​ကျွန်ုပ်​သည် တစ်​ပတ်​လျှင် နှစ်​ကြိမ်​အ​စာ​ရှောင်​ပြီး ရ​ရှိ​သ​မျှ​အား​လုံး​၏​ဆယ်​ဖို့​တစ်​ဖို့​ကို​လှူ​ပါ​၏’​ဟု ဆု​တောင်း​လေ​၏။