Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 18:37-43 Myanmar Standard Bible (MSB)

37. လူ​တို့​က​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြတ်​သွား​တော်​မူ​ကြောင်း သူ့​အား ပြော​ပြ​ကြ​လျှင်

38. ထို​သူ​က “ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ”​ဟု အော်​ဟစ်​လေ​၏။

39. ရှေ့​မှ​သွား​သော​သူ​တို့​သည် သူ့​ကို တိတ်​ဆိတ်​စွာ​နေ​ရန် ဆူ​ငေါက်​ကြ​၏။ သို့​သော် သူ​သည် “ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ”​ဟု ပို​၍​အော်​ဟစ်​လေ​၏။

40. ထို​အ​ခါ ယေ​ရှု​သည် ရပ်​တန့်​လျက် ထို​သူ​ကို မိ​မိ​ထံ​သို့​ခေါ်​ခဲ့​ရန် အ​မိန့်​ပေး​တော်​မူ​၏။ သူ​သည် အ​နီး​သို့​ရောက်​လာ​သော​အ​ခါ ကိုယ်​တော်​က

41. “သင့်​အ​တွက် မည်​သည့်​အ​မှု​ကို​ပြု​စေ​လို​သ​နည်း”​ဟု မေး​တော်​မူ​လျှင် ထို​သူ​က “မျက်​စိ​မြင်​အောင်​လုပ်​ပေး​စေ​လို​ပါ​သည် သ​ခင်​ဘု​ရား”​ဟု လျှောက်​လေ​၏။

42. ယေ​ရှု​က​လည်း “မျက်​စိ​မြင်​စေ။ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ”​ဟု မိန့်​တော်​မူ​၏။

43. ထို​ခ​ဏ​ချင်း​တွင် သူ​သည် မျက်​စိ​မြင်​၍ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လျက် နောက်​တော်​သို့​လိုက်​သွား​လေ​၏။ တွေ့​မြင်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​ကြ​၏။