35. ကိုယ်တော်သည် ဂျေရိခေါမြို့အနီးသို့ရောက်လာစဉ်တွင် မျက်မမြင်တစ်ဦးသည် လမ်းဘေး၌ထိုင်လျက် တောင်းစားနေ၏။
36. သူသည် လူထုပရိသတ်ဖြတ်သွားသည်ကိုကြား၍ မည်သည့်အရာဖြစ်နေသည်ကို မေးမြန်းလေ၏။
37. လူတို့ကနာဇရက်မြို့သားယေရှုဖြတ်သွားတော်မူကြောင်း သူ့အား ပြောပြကြလျှင်
38. ထိုသူက “ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု အော်ဟစ်လေ၏။
39. ရှေ့မှသွားသောသူတို့သည် သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူသည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု ပို၍အော်ဟစ်လေ၏။
40. ထိုအခါ ယေရှုသည် ရပ်တန့်လျက် ထိုသူကို မိမိထံသို့ခေါ်ခဲ့ရန် အမိန့်ပေးတော်မူ၏။ သူသည် အနီးသို့ရောက်လာသောအခါ ကိုယ်တော်က
41. “သင့်အတွက် မည်သည့်အမှုကိုပြုစေလိုသနည်း”ဟု မေးတော်မူလျှင် ထိုသူက “မျက်စိမြင်အောင်လုပ်ပေးစေလိုပါသည် သခင်ဘုရား”ဟု လျှောက်လေ၏။
42. ယေရှုကလည်း “မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ”ဟု မိန့်တော်မူ၏။
43. ထိုခဏချင်းတွင် သူသည် မျက်စိမြင်၍ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် နောက်တော်သို့လိုက်သွားလေ၏။ တွေ့မြင်သောသူအပေါင်းတို့သည်လည်း ဘုရားသခင်ကိုချီးမွမ်းကြ၏။