Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 18:29-41 Myanmar Standard Bible (MSB)

29. ကိုယ်​တော်​က​လည်း “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် အိမ်​ကို​ဖြစ်​စေ၊ ဇ​နီး​ကို​ဖြစ်​စေ၊ ညီ​အစ်​ကို​ကို​ဖြစ်​စေ၊ မိ​ဘ​ကို​ဖြစ်​စေ၊ သား​သ​မီး​များ​ကို​ဖြစ်​စေ စွန့်​သော​သူ​တို့​တွင်

30. ယ​ခု​ဘ​ဝ​၌ အ​ဆ​ပေါင်း​များ​စွာ​သော​အ​ကျိုး​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ​၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း မ​ရ​ဘဲ​နေ​မည့်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ”​ဟု မိန့်​တော်​မူ​၏။

31. ထို့​နောက် ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို​ခေါ်​၍ “နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့​သား​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​တို့​ရေး​ထား​သော​အ​ရာ​အား​လုံး​တို့​သည် ပြည့်​စုံ​ရ​လိမ့်​မည်။

32. အ​ကြောင်း​မူ​ကား သူ​သည် လူ​မျိုး​ခြား​တို့​ထံ အပ်​နှံ​ခြင်း​ကို​ခံ​ရ​လျက် ပြောင်​လှောင်​ခြင်း၊ နှိပ်​စက်​ခြင်း၊ တံ​တွေး​နှင့်​ထွေး​ခြင်း​တို့​ကို​ခံ​ရ​လိမ့်​မည်။

33. ထို့​နောက် သူ​တို့​သည် သူ့​ကို​ဒဏ်​ခတ်​ရိုက်​နှက်​၍ အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​သော် သူ​သည် သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

34. သို့​ရာ​တွင် တ​ပည့်​တော်​တို့​သည် ထို​အ​ကြောင်း​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ သ​ဘော​မ​ပေါက်​ကြ။ ထို​အ​ရာ​သည် သူ​တို့​ထံ​မှ ကွယ်​ဝှက်​ထား​ခြင်း​ခံ​ရ​သည်​ဖြစ်​၍ မိန့်​တော်​မူ​သော​အ​ရာ​တို့​ကို သူ​တို့​နား​မ​လည်​နိုင်​ကြ​ချေ။

35. ကိုယ်​တော်​သည် ဂျေ​ရိ​ခေါ​မြို့​အ​နီး​သို့​ရောက်​လာ​စဉ်​တွင် မျက်​မ​မြင်​တစ်​ဦး​သည် လမ်း​ဘေး​၌​ထိုင်​လျက် တောင်း​စား​နေ​၏။

36. သူ​သည် လူ​ထု​ပ​ရိ​သတ်​ဖြတ်​သွား​သည်​ကို​ကြား​၍ မည်​သည့်​အ​ရာ​ဖြစ်​နေ​သည်​ကို မေး​မြန်း​လေ​၏။

37. လူ​တို့​က​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြတ်​သွား​တော်​မူ​ကြောင်း သူ့​အား ပြော​ပြ​ကြ​လျှင်

38. ထို​သူ​က “ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ”​ဟု အော်​ဟစ်​လေ​၏။

39. ရှေ့​မှ​သွား​သော​သူ​တို့​သည် သူ့​ကို တိတ်​ဆိတ်​စွာ​နေ​ရန် ဆူ​ငေါက်​ကြ​၏။ သို့​သော် သူ​သည် “ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ”​ဟု ပို​၍​အော်​ဟစ်​လေ​၏။

40. ထို​အ​ခါ ယေ​ရှု​သည် ရပ်​တန့်​လျက် ထို​သူ​ကို မိ​မိ​ထံ​သို့​ခေါ်​ခဲ့​ရန် အ​မိန့်​ပေး​တော်​မူ​၏။ သူ​သည် အ​နီး​သို့​ရောက်​လာ​သော​အ​ခါ ကိုယ်​တော်​က

41. “သင့်​အ​တွက် မည်​သည့်​အ​မှု​ကို​ပြု​စေ​လို​သ​နည်း”​ဟု မေး​တော်​မူ​လျှင် ထို​သူ​က “မျက်​စိ​မြင်​အောင်​လုပ်​ပေး​စေ​လို​ပါ​သည် သ​ခင်​ဘု​ရား”​ဟု လျှောက်​လေ​၏။