Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 18:17-30 Myanmar Standard Bible (MSB)

17. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို သူ​ငယ်​တစ်​ဦး​ကဲ့​သို့​လက်​မ​ခံ​သော​သူ​သည် ထို​နိုင်​ငံ​တော်​သို့ မည်​သည့်​အ​ခါ​မျှ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

18. တစ်​ခါ​က အ​ကြီး​အ​ကဲ​တစ်​ဦး​သည် ကိုယ်​တော်​အား “ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​အ​မွေ​ဆက်​ခံ​ရန် မည်​သည့်​အ​ရာ​ကို ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လျှောက်​လေ​၏။

19. ယေ​ရှု​က “ငါ့​ကို​ကောင်း​မြတ်​သော​သူ​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​မှ​လွဲ​၍ ကောင်း​မြတ်​သော​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

20. ‘အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို မ​ကျူး​လွန်​ရ။ လူ​မ​သတ်​ရ။ မ​ခိုး​ယူ​ရ။ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ခြင်း​မ​ပြု​ရ။ သင်​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို ရို​သေ​လော့’​ဟူ​သော​ပ​ညတ်​တော်​တို့​ကို သင်​သိ​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်​မူ​၏။

21. ထို​သူ​က​လည်း “အ​ကျွန်ုပ်​သည် ဤ​အ​ရာ​အား​လုံး​ကို ငယ်​စဉ်​က​တည်း​က စောင့်​ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

22. ယေ​ရှု​သည် ထို​စ​ကား​ကို​ကြား​လျှင် “သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သ​မျှ​သော​အ​ရာ​အား​လုံး​တို့​ကို ရောင်း​ပြီး​လျှင် ဆင်း​ရဲ​သား​တို့​အား ခွဲ​ဝေ​ပေး​လော့။ ထို​သို့​ပြု​လျှင် သင်​သည် ကောင်း​ကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ ထို့​နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

23. ထို​သူ​သည် အ​လွန်​ချမ်း​သာ​သော​သူ​ဖြစ်​သော​ကြောင့် ထို​စ​ကား​ကို​ကြား​သော​အ​ခါ အ​လွန်​ဝမ်း​နည်း​လေ​၏။

24. ယေ​ရှု​သည် ထို​သူ​အ​လွန်​ဝမ်း​နည်း​သည်​ကို​မြင်​လျှင် “ငွေ​ကြေး​ချမ်း​သာ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​သည်​တ​ကား။

25. ချမ်း​သာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန်​ထက် ကု​လား​အုပ်​သည် အပ်​န​ဖား​ပေါက်​မှ​လျှို​ဝင်​ရန် ပို​၍​လွယ်​ကူ​၏”​ဟု မိန့်​တော်​မူ​၏။

26. ထို​စ​ကား​ကို​ကြား​သော​သူ​တို့​က “သို့​ဖြစ်​လျှင် မည်​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​နိုင်​ပါ​မည်​နည်း”​ဟု ပြော​ဆို​ကြ​၏။

27. ကိုယ်​တော်​က​လည်း “လူ​တို့​အ​တွက်​မ​ဖြစ်​နိုင်​သော​အ​ရာ​များ​သည် ဘု​ရား​သ​ခင်​အ​တွက်​ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

28. ထို​အ​ခါ ပေ​တ​ရု​က “အ​ကျွန်ုပ်​တို့​သည် အ​ကျွန်ုပ်​တို့​ပိုင်​ဆိုင်​သော​အ​ရာ​များ​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

29. ကိုယ်​တော်​က​လည်း “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် အိမ်​ကို​ဖြစ်​စေ၊ ဇ​နီး​ကို​ဖြစ်​စေ၊ ညီ​အစ်​ကို​ကို​ဖြစ်​စေ၊ မိ​ဘ​ကို​ဖြစ်​စေ၊ သား​သ​မီး​များ​ကို​ဖြစ်​စေ စွန့်​သော​သူ​တို့​တွင်

30. ယ​ခု​ဘ​ဝ​၌ အ​ဆ​ပေါင်း​များ​စွာ​သော​အ​ကျိုး​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ​၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း မ​ရ​ဘဲ​နေ​မည့်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ”​ဟု မိန့်​တော်​မူ​၏။