Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 18:10-20 Myanmar Standard Bible (MSB)

10. “လူ​နှစ်​ဦး​တို့​သည် ဆု​တောင်း​ရန် ဗိ​မာန်​တော်​သို့​တက်​သွား​ကြ​၏။ တစ်​ဦး​သည် ဖာ​ရိ​ရှဲ​ဖြစ်​ပြီး အ​ခြား​တစ်​ဦး​သည် အ​ခွန်​ကောက်​ခံ​သူ​ဖြစ်​၏။

11. ဖာ​ရိ​ရှဲ​သည် တစ်​ဦး​တည်း​ရပ်​လျက် ‘အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ခြား​သူ​များ​ကဲ့​သို့ လိမ်​လည်​လု​ယူ​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကျူး​လွန်​သော​သူ​မ​ဟုတ်​သည့်​အ​ပြင် ဤ​အ​ခွန်​ကောက်​ခံ​သူ​ကဲ့​သို့​လည်း မ​ဟုတ်​သော​ကြောင့် ကိုယ်​တော့်​ကို​ကျေး​ဇူး​တင်​ပါ​၏။

12. အ​ကျွန်ုပ်​သည် တစ်​ပတ်​လျှင် နှစ်​ကြိမ်​အ​စာ​ရှောင်​ပြီး ရ​ရှိ​သ​မျှ​အား​လုံး​၏​ဆယ်​ဖို့​တစ်​ဖို့​ကို​လှူ​ပါ​၏’​ဟု ဆု​တောင်း​လေ​၏။

13. အ​ခွန်​ကောက်​ခံ​သူ​မူ​ကား အ​ဝေး​၌​ရပ်​လျက် ကောင်း​ကင်​သို့​ပင်​မော်​မ​ကြည့်​ဝံ့​ဘဲ ရင်​ဘတ်​စည်​တီး​လျက် ‘အို ဘု​ရား​သ​ခင်၊ အ​ပြစ်​များ​သော​အ​ကျွန်ုပ်​ကို သ​နား​တော်​မူ​ပါ’​ဟု ဆု​တောင်း​၏။

14. သင်​တို့​အား ငါ​ဆို​သည်​ကား ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​လျက် မိ​မိ​အိမ်​သို့​ပြန်​သွား​သော​သူ​မှာ ဤ​အ​ခွန်​ကောက်​ခံ​သူ​ဖြစ်​၍ ထို​ဖာ​ရိ​ရှဲ​မ​ဟုတ်။ အ​ကြောင်း​မူ​ကား မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သော​သူ​တိုင်း​သည် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

15. ထို​အ​ခါ ကိုယ်​တော်​တို့​ထိ​ပေး​တော်​မူ​ရန် လူ​တို့​သည် က​လေး​ငယ်​များ​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် တ​ပည့်​တော်​တို့​မြင်​လျှင် သူ​တို့​ကို​ဆူ​ငေါက်​ကြ​၏။

16. သို့​ရာ​တွင် ယေ​ရှု​သည် ထို​က​လေး​သူ​ငယ်​များ​ကို​ခေါ်​၍ “က​လေး​သူ​ငယ်​တို့​ငါ့​ထံ​သို့​လာ​ကြ​ပါ​လေ​စေ။ သူ​တို့​ကို​မ​တား​ဆီး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။

17. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို သူ​ငယ်​တစ်​ဦး​ကဲ့​သို့​လက်​မ​ခံ​သော​သူ​သည် ထို​နိုင်​ငံ​တော်​သို့ မည်​သည့်​အ​ခါ​မျှ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

18. တစ်​ခါ​က အ​ကြီး​အ​ကဲ​တစ်​ဦး​သည် ကိုယ်​တော်​အား “ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​အ​မွေ​ဆက်​ခံ​ရန် မည်​သည့်​အ​ရာ​ကို ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လျှောက်​လေ​၏။

19. ယေ​ရှု​က “ငါ့​ကို​ကောင်း​မြတ်​သော​သူ​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​မှ​လွဲ​၍ ကောင်း​မြတ်​သော​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

20. ‘အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို မ​ကျူး​လွန်​ရ။ လူ​မ​သတ်​ရ။ မ​ခိုး​ယူ​ရ။ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ခြင်း​မ​ပြု​ရ။ သင်​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို ရို​သေ​လော့’​ဟူ​သော​ပ​ညတ်​တော်​တို့​ကို သင်​သိ​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်​မူ​၏။