Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 17:5-11 Myanmar Standard Bible (MSB)

5. ထို​အ​ခါ တ​မန်​တော်​တို့​က သ​ခင်​ဘု​ရား​အား “အ​ကျွန်ုပ်​တို့​၏​ယုံ​ကြည်​ခြင်း​ကို တိုး​ပွား​စေ​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

6. သ​ခင်​ဘု​ရား​က​လည်း “သင်​တို့​တွင် မုန်​ညင်း​နက်​စေ့​ခန့်​မျှ​ယုံ​ကြည်​ခြင်း​ရှိ​ပါ​က ဤ​ပိုး​စာ​ပင်​အား ‘အ​မြစ်​ပါ​ကျွတ်​၍ ပင်​လယ်​ထဲ​မှာ​စိုက်​လျက်​နေ​လော့’​ဟု ပြော​လျှင် ၎င်း​သည် သင်​တို့​ကို​နာ​ခံ​လိမ့်​မည်။

7. သင်​တို့​တွင် လယ်​လုပ်​သော​အ​စေ​အ​ပါး သို့​မ​ဟုတ် သိုး​ကို​ထိန်း​ကျောင်း​သော​အ​စေ​အ​ပါး​ရှိ​၍ ထို​အ​စေ​အ​ပါး​သည် လယ်​မှ​ပြန်​လာ​သော​အ​ခါ ‘အ​လျင်​အ​မြန်​လာ​ပြီး ထိုင်​၍​စား​လော့’​ဟု ဆို​မည့်​သူ​ရှိ​သ​လော။

8. ထို​သို့​မ​ဆို​ဘဲ ‘ငါ့​အ​တွက်​စား​စ​ရာ​တစ်​စုံ​တစ်​ခု​ပြင်​ဆင်​၍ ငါ​စား​သောက်​ပြီး​သည်​အ​ထိ ခါး​စည်း​လျက် ငါ​အ​လို​ရှိ​ရာ​ကို​ဆောင်​ရွက်​လော့။ ထို့​နောက်​မှ သင်​သည် စား​သောက်​လော့’​ဟု ဆို​မည်​မ​ဟုတ်​လော။

9. အ​စေ​အ​ပါး​သည် စေ​ခိုင်း​ထား​သည့်​အ​တိုင်း​ဆောင်​ရွက်​သော​ကြောင့် သ​ခင်​သည် သူ့​ကို​ကျေး​ဇူး​တင်​သ​လော။

10. ထို​နည်း​တူ သင်​တို့​သည်​လည်း သင်​တို့​အား​စေ​ခိုင်း​သည့်​အ​ရာ​အား​လုံး​ကို ဆောင်​ရွက်​ပြီး​သော​အ​ခါ ‘အ​ကျွန်ုပ်​တို့​သည် အ​ကျိုး​မ​ပြု​သော​အ​စေ​အ​ပါး​များ​ဖြစ်​ကြ​ပါ​၏။ ဆောင်​ရွက်​ရ​မည့်​အ​မှု​ကို ဆောင်​ရွက်​ခဲ့​ခြင်း​သာ​ဖြစ်​ပါ​၏’​ဟု ဆို​ကြ​လော့”​ဟူ​၍ မိန့်​တော်​မူ​၏။

11. ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ကြွ​တော်​မူ​စဉ် ရှ​မာ​ရိ​နယ်​နှင့် ဂါ​လိ​လဲ​နယ်​စပ်​ကြား​ကို ဖြတ်​သွား​တော်​မူ​၏။