Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 17:32-37 Myanmar Standard Bible (MSB)

32. လော​တ​၏​ဇ​နီး​ကို​သ​တိ​ရ​ကြ​လော့။

33. မိ​မိ​အ​သက်​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရန် ကြိုး​စား​သော​သူ​သည် အ​သက်​ကို​ဆုံး​ရှုံး​ရ​လိမ့်​မည်။ မိ​မိ​အ​သက်​ကို ဆုံး​ရှုံး​ရ​သော​သူ​မူ​ကား အ​သက်​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​လိမ့်​မည်။

34. သင်​တို့​အား ငါ​ဆို​မည်။ ထို​ည​တွင် ခု​တင်​တစ်​ခု​ပေါ်​၌​ရှိ​သော လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ အ​ခြား​တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်။

35. ကြိတ်​ဆုံ​အ​တူ​ကြိတ်​နေ​သော အ​မျိုး​သ​မီး​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ အ​ခြား​တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်။

36. [လယ်​၌​ရှိ​သော လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ အ​ခြား​တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်]”​ဟု မိန့်​တော်​မူ​၏။

37. တ​ပည့်​တော်​တို့​က​လည်း “သ​ခင်၊ မည်​သည့်​အ​ရပ်​၌ ထို​သို့​ဖြစ်​မည်​နည်း”​ဟု မေး​လျှောက်​ကြ​သော် ကိုယ်​တော်​က “အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​၌ လင်း​တ​တို့​သည်​လည်း စု​ဝေး​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။