Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 17:28-37 Myanmar Standard Bible (MSB)

28. ထို​နည်း​တူ လော​တ​၏​နေ့​ရက်​များ​၌​လည်း လူ​တို့​သည် စား​သောက်​လျက်၊ ရောင်း​ဝယ်​လျက်၊ စိုက်​ပျိုး​တည်​ဆောက်​လျက်​နေ​ခဲ့​ကြ​၏။

29. သို့​သော် လော​တ​သည် သော​ဒုံ​မြို့​မှ ထွက်​ခွာ​သွား​သော​နေ့​၌​ပင် မိုး​ကောင်း​ကင်​မှ ကန့်​နှင့်​မီး​ရွာ​သွန်း​၍ သူ​တို့​အား​လုံး​ကို​ဖျက်​ဆီး​လေ​၏။

30. လူ့​သား​ပေါ်​ထွန်း​သော​နေ့​ရက်​၌​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

31. ထို​နေ့​ရက်​၌ လေ​သာ​ဆောင်​ပေါ်​တွင်​ရှိ​သော​သူ​သည် အိမ်​ထဲ​၌ မိ​မိ​ဥစ္စာ​ပစ္စည်း​များ​ရှိ​လျှင် ၎င်း​တို့​ကို​ယူ​ရန် အောက်​သို့​မ​ဆင်း​စေ​နှင့်။ ထို​နည်း​တူ လယ်​၌​ရှိ​သော​သူ​သည်​လည်း နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။

32. လော​တ​၏​ဇ​နီး​ကို​သ​တိ​ရ​ကြ​လော့။

33. မိ​မိ​အ​သက်​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရန် ကြိုး​စား​သော​သူ​သည် အ​သက်​ကို​ဆုံး​ရှုံး​ရ​လိမ့်​မည်။ မိ​မိ​အ​သက်​ကို ဆုံး​ရှုံး​ရ​သော​သူ​မူ​ကား အ​သက်​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​လိမ့်​မည်။

34. သင်​တို့​အား ငါ​ဆို​မည်။ ထို​ည​တွင် ခု​တင်​တစ်​ခု​ပေါ်​၌​ရှိ​သော လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ အ​ခြား​တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်။

35. ကြိတ်​ဆုံ​အ​တူ​ကြိတ်​နေ​သော အ​မျိုး​သ​မီး​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ အ​ခြား​တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်။

36. [လယ်​၌​ရှိ​သော လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ အ​ခြား​တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်]”​ဟု မိန့်​တော်​မူ​၏။

37. တ​ပည့်​တော်​တို့​က​လည်း “သ​ခင်၊ မည်​သည့်​အ​ရပ်​၌ ထို​သို့​ဖြစ်​မည်​နည်း”​ဟု မေး​လျှောက်​ကြ​သော် ကိုယ်​တော်​က “အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​၌ လင်း​တ​တို့​သည်​လည်း စု​ဝေး​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။