Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 17:26-29 Myanmar Standard Bible (MSB)

26. နော​ဧ​၏​နေ့​ရက်​များ​၌​ဖြစ်​သ​ကဲ့​သို့ လူ့​သား​၏​နေ့​ရက်​များ​၌​လည်း​ဖြစ်​လိမ့်​မည်။

27. နော​ဧ​သည် သင်္ဘော​ထဲ​သို့​ဝင်​သည့်​နေ့​တိုင်​အောင် လူ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက်၊ ပေး​စား​ဆောင်​နှင်း​လျက်​နေ​၍ ရေ​လွှမ်း​မိုး​ခြင်း​ရောက်​လာ​ကာ သူ​တို့​အား​လုံး​ကို​ဖျက်​ဆီး​လေ​၏။

28. ထို​နည်း​တူ လော​တ​၏​နေ့​ရက်​များ​၌​လည်း လူ​တို့​သည် စား​သောက်​လျက်၊ ရောင်း​ဝယ်​လျက်၊ စိုက်​ပျိုး​တည်​ဆောက်​လျက်​နေ​ခဲ့​ကြ​၏။

29. သို့​သော် လော​တ​သည် သော​ဒုံ​မြို့​မှ ထွက်​ခွာ​သွား​သော​နေ့​၌​ပင် မိုး​ကောင်း​ကင်​မှ ကန့်​နှင့်​မီး​ရွာ​သွန်း​၍ သူ​တို့​အား​လုံး​ကို​ဖျက်​ဆီး​လေ​၏။