Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 17:1-5 Myanmar Standard Bible (MSB)

1. ထို့​နောက် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား “မှား​ယွင်း​စေ​သော​အ​ရာ​များ​သည် ဧ​ကန်​မု​ချ​သက်​ရောက်​မည်​ဖြစ်​၏။ သို့​သော် ထို​အ​ရာ​များ​ကို သက်​ရောက်​စေ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏။

2. ထို​သူ​သည် ဤ​ငယ်​သော​သူ​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​ကို မှား​ယွင်း​စေ​သည်​ထက် ကြိတ်​ဆုံ​ကျောက်​ကို မိ​မိ​လည်​ပင်း​၌​ဆွဲ​လျက် ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခံ​ရ​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​၏။

3. သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သ​တိ​ထား​ကြ​လော့။ သင်​၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင် သူ့​ကို​ဆုံး​မ​လော့။ သူ​သည်​နောင်​တ​ရ​လျှင် သူ့​ကို​ခွင့်​လွှတ်​လော့။

4. တစ်​နေ့​အ​တွင်း သင့်​ကို​ခု​နစ်​ကြိမ်​ပြစ်​မှား​လျက် သင့်​ထံ​သို့ ခု​နစ်​ကြိမ်​တိုင်​တိုင်​လာ​၍ ‘အ​ကျွန်ုပ်​နောင်​တ​ရ​ပါ​၏’​ဟု ဆို​လျှင် သူ့​ကို​ခွင့်​လွှတ်​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

5. ထို​အ​ခါ တ​မန်​တော်​တို့​က သ​ခင်​ဘု​ရား​အား “အ​ကျွန်ုပ်​တို့​၏​ယုံ​ကြည်​ခြင်း​ကို တိုး​ပွား​စေ​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။