Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 16:17-27 Myanmar Standard Bible (MSB)

17. သို့​ရာ​တွင် ပ​ညတ်​တ​ရား​ကျမ်း​ထဲ​မှ ဗိန္ဒု​တစ်​လုံး​ပျက်​ပြယ်​ရန်​ထက် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကွယ်​ပျောက်​ရန် ပို​၍​လွယ်​ကူ​၏။

18. မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​၍ အ​ခြား​သော​မိန်း​မ​နှင့် ထိမ်း​မြား​စုံ​ဖက်​သော​သူ​တိုင်း​သည် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏။ ခင်​ပွန်း​က​ကွာ​ရှင်း​ထား​သော​မိန်း​မ​နှင့် ထိမ်း​မြား​စုံ​ဖက်​သော​သူ​သည်​လည်း အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏။

19. တစ်​ခါ​က ခ​ရမ်း​ရောင်​ဝတ်​ရုံ​နှင့် ပိတ်​ချော​ထည်​များ​ကို​ဝတ်​ဆင်​ကာ နေ့​စဉ် စည်း​စိမ်​ခံ​စား​လျက် ပျော်​မွေ့​နေ​သည့် သူ​ဌေး​တစ်​ဦး​ရှိ​၏။

20. သူ​၏​အိမ်​တံ​ခါး​ဝ​၌​ကား တစ်​ကိုယ်​လုံး​အ​နာ​စိမ်း​ပေါက်​နေ​သော လာ​ဇ​ရု​အ​မည်​ရှိ​ဆင်း​ရဲ​သား​တစ်​ယောက် လဲ​လျောင်း​နေ​၏။

21. သူ​သည် သူ​ဌေး​၏​စား​ပွဲ​ပေါ်​မှ​ကျ​သော အ​စာ​များ​ကို​ပင် ဝ​လင်​စွာ​စား​ရ​ရန် တောင့်​တ​နေ​၏။ ခွေး​များ​သည်​လည်း သူ​၏​အ​နာ​စိမ်း​များ​ကို လာ​၍​လျက်​ကြ​၏။

22. ထို့​နောက် ထို​ဆင်း​ရဲ​သား​သည် သေ​လွန်​သွား​ရာ ကောင်း​ကင်​တ​မန်​တို့​သည် သူ့​ကို အာ​ဗြ​ဟံ​၏​ရင်​ခွင်​ထဲ​သို့ ခေါ်​ဆောင်​သွား​ကြ​၏။ သူ​ဌေး​သည်​လည်း သေ​လွန်​သ​ဖြင့် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​၏။

23. သူ​သည် မ​ရ​ဏာ​နိုင်​ငံ​တွင် ဝေ​ဒ​နာ​ခံ​စား​ရ​လျက် မော်​ကြည့်​သော​အ​ခါ အာ​ဗြ​ဟံ​နှင့် သူ​၏​ရင်​ခွင်​ထဲ​၌​ရှိ​သော လာ​ဇ​ရု​တို့​ကို အ​ဝေး​မှ​မြင်​ရ​လေ​၏။

24. ထို​အ​ခါ သူ​က ‘အ​ဖ​အာ​ဗြ​ဟံ၊ အ​ကျွန်ုပ်​ကို​သ​နား​ပါ။ အ​ကျွန်ုပ်​သည် ဤ​မီး​လျှံ​ထဲ​တွင် ဝေ​ဒ​နာ​ပြင်း​စွာ​ခံ​စား​နေ​ရ​သော​ကြောင့် လာ​ဇ​ရု​သည် သူ​၏​လက်​ဖျား​ကို​ရေ​၌​နှစ်​၍ အ​ကျွန်ုပ်​၏​လျှာ​ကို​အေး​စေ​ရန် သူ့​ကို​စေ​လွှတ်​ပေး​ပါ’​ဟု အော်​ဟစ်​ပြော​ဆို​လေ​၏။

25. သို့​သော် အာ​ဗြ​ဟံ​က ‘ငါ့​သား၊ သင်​သည်​အ​သက်​ရှင်​စဉ်​အ​ခါ မိ​မိ​အ​တွက် ကောင်း​သော​အ​ရာ​များ​ကို​ရ​ရှိ​ခဲ့​၍ လာ​ဇ​ရု​သည် မ​ကောင်း​သော​အ​ရာ​များ​ကို​ရ​ရှိ​ခဲ့​ကြောင်း သ​တိ​ရ​လော့။ ယ​ခု​မူ​ကား သူ​သည်​ဤ​နေ​ရာ​တွင် နှစ်​သိမ့်​ခြင်း​ကို​ခံ​စား​ရ​၍ သင်​သည် ဝေ​ဒ​နာ​ပြင်း​စွာ​ခံ​စား​နေ​ရ​၏။

26. ထို​မျှ​မ​က သင်​တို့​နှင့်​ငါ​တို့​ကြား​တွင် အ​လွန်​နက်​သော​ချောက်​ကြီး​ရှိ​သ​ဖြင့် ဤ​နေ​ရာ​မှ သင်​တို့​ထံ​သို့​လည်း​ကောင်း၊ သင်​တို့​နေ​ရာ​မှ ငါ​တို့​ထံ​သို့​လည်း​ကောင်း ကူး​လို​သော်​လည်း မ​ကူး​နိုင်​ကြ’​ဟု ပြန်​ပြော​လေ​၏။

27. သူ​ဌေး​က​လည်း ‘အ​ဖ၊ သို့​ဖြစ်​လျှင် လာ​ဇ​ရု​ကို အ​ကျွန်ုပ်​အ​ဖေ​၏​အိမ်​သို့ စေ​လွှတ်​ပေး​ပါ​ရန် အ​ကျွန်ုပ်​တောင်း​ပန်​ပါ​၏။