Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 16:11-19 Myanmar Standard Bible (MSB)

11. သို့​ဖြစ်​၍ သင်​တို့​သည် မ​ဖြောင့်​မတ်​သော​လော​ကီ​စည်း​စိမ်​၌ သစ္စာ​မ​ရှိ​ကြ​လျှင် စစ်​မှန်​သော​စည်း​စိမ်​ကို မည်​သူ​က သင်​တို့​၌ ယုံ​ကြည်​အပ်​နှံ​ထား​မည်​နည်း။

12. သင်​တို့​သည် သူ​တစ်​ပါး​၏​ဥစ္စာ​၌ သစ္စာ​မ​ရှိ​ကြ​လျှင် မည်​သူ​သည် သင်​တို့​ပိုင်​ဆိုင်​ရန်​ဥစ္စာ​ကို သင်​တို့​အား​ပေး​မည်​နည်း။

13. မည်​သည့်​အ​စေ​ခံ​မျှ သ​ခင်​နှစ်​ဦး​ကို အ​စေ​ခံ​၍​မ​ရ​နိုင်။ အ​ကြောင်း​မူ​ကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သို့​မ​ဟုတ် တစ်​ဦး​ကို​သစ္စာ​စောင့်​၍ တစ်​ဦး​ကို​မ​ထီ​မဲ့​မြင်​ပြု​လိမ့်​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​လော​ကီ​စည်း​စိမ်​တို့​ကို တစ်​ပြိုင်​တည်း​အ​စေ​ခံ​၍​မ​ရ​နိုင်​ကြ”​ဟု မိန့်​တော်​မူ​၏။

14. ငွေ​ကို​တပ်​မက်​သော​ဖာ​ရိ​ရှဲ​တို့​သည် ဤ​အ​ရာ​အား​လုံး​ကို​ကြား​လျှင် ကိုယ်​တော်​ကို​ပြက်​ရယ်​ပြု​ကြ​၏။

15. သို့​သော် ကိုယ်​တော်​က “သင်​တို့​သည် လူ​တို့​ရှေ့​၌ မိ​မိ​တို့​ကိုယ်​ကို​ဖြောင့်​မတ်​ကြောင်း ဖော်​ပြ​တတ်​သူ​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် သင်​တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​၏။ လူ​တို့​အ​မြတ်​တ​နိုး​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ရွံ​ရှာ​ဖွယ်​ဖြစ်​၏။

16. ပ​ညတ်​တ​ရား​ကျမ်း​နှင့် ပ​ရော​ဖက်​ကျမ်း​များ​သည် ယော​ဟန်​လက်​ထက်​တိုင်​အောင်​ဖြစ်​၏။ ထို​အ​ချိန်​မှ​စ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ကြ​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း ထို​နိုင်​ငံ​တော်​ထဲ​သို့ အ​တင်း​တိုး​ဝင်​ကြ​၏။

17. သို့​ရာ​တွင် ပ​ညတ်​တ​ရား​ကျမ်း​ထဲ​မှ ဗိန္ဒု​တစ်​လုံး​ပျက်​ပြယ်​ရန်​ထက် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကွယ်​ပျောက်​ရန် ပို​၍​လွယ်​ကူ​၏။

18. မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​၍ အ​ခြား​သော​မိန်း​မ​နှင့် ထိမ်း​မြား​စုံ​ဖက်​သော​သူ​တိုင်း​သည် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏။ ခင်​ပွန်း​က​ကွာ​ရှင်း​ထား​သော​မိန်း​မ​နှင့် ထိမ်း​မြား​စုံ​ဖက်​သော​သူ​သည်​လည်း အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏။

19. တစ်​ခါ​က ခ​ရမ်း​ရောင်​ဝတ်​ရုံ​နှင့် ပိတ်​ချော​ထည်​များ​ကို​ဝတ်​ဆင်​ကာ နေ့​စဉ် စည်း​စိမ်​ခံ​စား​လျက် ပျော်​မွေ့​နေ​သည့် သူ​ဌေး​တစ်​ဦး​ရှိ​၏။