Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 16:1-3 Myanmar Standard Bible (MSB)

1. ထို့​နောက် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “သူ​ဌေး​တစ်​ဦး​တွင် ဘဏ္ဍာ​စိုး​တစ်​ယောက်​ရှိ​၏။ ထို​ဘဏ္ဍာ​စိုး​သည် သူ​ဌေး​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ဖြုန်း​တီး​နေ​ကြောင်း တိုင်​ကြား​သူ​ရှိ​သ​ဖြင့်

2. သူ​ဌေး​သည် ဘဏ္ဍာ​စိုး​ကို​ခေါ်​၍ ‘သင့်​အ​ကြောင်း ငါ​ကြား​ရ​သည့်​အ​ရာ​မှာ မည်​သို့​နည်း။ သင့်​ကို ဘဏ္ဍာ​စိုး​အ​ရာ​၌ ဆက်​၍​မ​ထား​နိုင်​သော​ကြောင့် သင်​၏​စီ​မံ​ခန့်​ခွဲ​မှု​စာ​ရင်း​ကို တင်​ပြ​လော့’​ဟု ဆို​၏။

3. ထို​အ​ခါ ဘဏ္ဍာ​စိုး​က ‘ငါ​မည်​သို့​ပြု​ရ​မည်​နည်း။ ငါ့​သ​ခင်​သည် ငါ့​ကို​ဘဏ္ဍာ​စိုး​အ​ရာ​မှ​ဖယ်​ရှား​လေ​ပြီ။ ငါ​သည် မြေ​တူး​ရန်​အား​မ​ရှိ။ တောင်း​စား​ရန်​လည်း​ရှက်​၏။