Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 14:4-14 Myanmar Standard Bible (MSB)

4. သို့​သော် သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ​၏။ ကိုယ်​တော်​သည် ထို​လူ​နာ​ကို ခေါ်​၍ အ​နာ​ရော​ဂါ​ပျောက်​ကင်း​စေ​ပြီး​လျှင် ပြန်​လွှတ်​တော်​မူ​၏။

5. ထို့​နောက် ထို​သူ​တို့​အား “သင်​တို့​တွင် မိ​မိ​သား သို့​မ​ဟုတ် နွား​သည် ဥ​ပုသ်​နေ့​၌ ရေ​တွင်း​ထဲ​သို့​ကျ​ခဲ့​လျှင် မည်​သူ​သည်​ချက်​ချင်း​မ​ဆွဲ​တင်​ဘဲ​နေ​မည်​နည်း”​ဟု မိန့်​တော်​မူ​၏။

6. သူ​တို့​သည် ဤ​အ​ရာ​များ​နှင့်​ပတ်​သက်​ပြီး တုံ့​ပြန်​ပြော​ဆို​၍​မ​ရ​နိုင်​ကြ​ချေ။

7. ဖိတ်​ခေါ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည် အ​ထူး​နေ​ရာ​များ​ရွေး​ချယ်​နေ​ကြ​ပုံ​ကို ကိုယ်​တော်​မြင်​တော်​မူ​လျှင် ထို​သူ​တို့​အား ပုံ​ဥ​ပ​မာ​တစ်​ခု​မြွက်​ဆို​တော်​မူ​သည်​မှာ

8. “တစ်​စုံ​တစ်​ယောက်​သည် သင့်​ကို မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ဖိတ်​ခေါ်​သော​အ​ခါ အ​ထူး​နေ​ရာ​၌​မ​ထိုင်​နှင့်။ သူ​သည် သင့်​ထက်​ဂုဏ်​သ​ရေ​ရှိ​သော​သူ​ကို ဖိတ်​ထား​ကောင်း​ဖိတ်​ထား​လိမ့်​မည်။

9. ထို​အ​ခါ သင်​တို့​နှစ်​ဦး​စ​လုံး​ကို​ဖိတ်​ခေါ်​ထား​သော​သူ​သည် သင့်​ထံ​သို့​လာ​၍ ‘သင့်​နေ​ရာ​ကို ဤ​သူ​အား​ပေး​လိုက်​ပါ’​ဟု ဆို​လျှင် သင်​သည် အ​ရှက်​ရ​လျက် နောက်​ဆုံး​နေ​ရာ​ကို​ယူ​ရ​လိမ့်​မည်။

10. ထို့​ကြောင့် ဖိတ်​ခေါ်​ခြင်း​ခံ​ရ​သော​အ​ခါ နောက်​ဆုံး​နေ​ရာ​သို့ သွား​၍​ထိုင်​လော့။ သို့​ပြု​လျှင် သင့်​ကို​ဖိတ်​ခေါ်​ထား​သော​သူ​သည်​လာ​၍ ‘မိတ်​ဆွေ ရှေ့​သို့​ကြွ​ပါ’​ဟု သင့်​အား​ဆို​လိမ့်​မည်။ ထို​အ​ခါ သင်​သည် သင်​နှင့်​အ​တူ​ထိုင်​နေ​သော​သူ​အား​လုံး​တို့​ရှေ့​၌ ဂုဏ်​သ​ရေ​ရှိ​လိမ့်​မည်။

11. အ​ကြောင်း​မူ​ကား မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သော​သူ​တိုင်း​သည် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

12. ထို့​နောက် ကိုယ်​တော်​သည် မိ​မိ​ကို​ဖိတ်​ခေါ်​ထား​သော​သူ​အား “သင်​သည် ဧည့်​ခံ​ပွဲ သို့​မ​ဟုတ် ည​စာ​စား​ပွဲ​ကို​ကျင်း​ပ​သော​အ​ခါ သင်​၏​မိတ်​ဆွေ​များ၊ ညီ​အစ်​ကို​များ၊ ဆွေ​မျိုး​များ​နှင့် ချမ်း​သာ​သော​အိမ်​နီး​ချင်း​များ​ကို မ​ဖိတ်​နှင့်။ ထို​သို့​ဖိတ်​လျှင် သူ​တို့​သည်​လည်း သင့်​ကို​ပြန်​ဖိတ်​၍ ကျေး​ဇူး​တုံ့​ပြန်​ကြ​လိမ့်​မည်။

13. သို့​သော် ဧည့်​ခံ​ပွဲ​ကျင်း​ပ​သော​အ​ခါ ဆင်း​ရဲ​သား​များ၊ အင်္ဂါ​ချို့​တဲ့​သူ​များ၊ ခြေ​မ​သန်​စွမ်း​သူ​များ​နှင့် မျက်​မ​မြင်​များ​ကို ဖိတ်​ခေါ်​လော့။

14. သို့​ပြု​လျှင် သူ​တို့​သည် သင့်​အား​ကျေး​ဇူး​မ​တုံ့​ပြန်​နိုင်​ကြ​သော​ကြောင့် သင်​သည် မင်္ဂ​လာ​ရှိ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ သင်​သည် ကျေး​ဇူး​တုံ့​ပြန်​ခြင်း​ကို အ​မှန်​ပင်​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။