27. မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်သောသူသည် ငါ၏တပည့်မဖြစ်နိုင်။
28. သင်တို့ထဲတွင် တစ်စုံတစ်ဦးသည် မျှော်စင်တစ်ခုဆောက်လိုလျှင် ပြီးစီးသည်အထိ လုံလောက်သောငွေရှိမရှိ ဦးစွာထိုင်၍ ကုန်ကျစရိတ်ကိုမတွက်ချက်ဘဲနေမည်လော။
29. ထိုသို့မတွက်ချက်ဘဲ အုတ်မြစ်ချ၍ အဆုံးမသတ်နိုင်လျှင် မြင်သူအပေါင်းတို့သည် သူ့ကိုပြောင်လှောင်လျက်
30. ‘ဤသူသည် စတင်တည်ဆောက်ခဲ့သော်လည်း အဆုံးမသတ်နိုင်ပါတကား’ဟု ဆိုကြလိမ့်မည်။
31. ထိုမှတစ်ပါး မည်သည့်ဘုရင်သည် အခြားဘုရင်တစ်ပါးနှင့် စစ်တိုက်ရန်ချီတက်မည်ပြုစဉ် စစ်သည်နှစ်သောင်းနှင့်ချီတက်လာသော အခြားတစ်ဖက်ကို စစ်သည်တစ်သောင်းဖြင့် ရင်ဆိုင်၍ရမရ ဦးစွာထိုင်လျက် မသုံးသပ်ဘဲနေမည်နည်း။
32. ရင်ဆိုင်၍မရနိုင်ပါက အခြားဘုရင်သည်အဝေး၌ရှိနေစဉ် သံတမန်ကိုစေလွှတ်၍ စစ်ပြေငြိမ်းရေးအတွက် စကားကမ်းလှမ်းရပေလိမ့်မည်။
33. ထိုနည်းတူ သင်တို့အားလုံးသည်လည်း မိမိဥစ္စာပစ္စည်းရှိသမျှတို့ကို မစွန့်ခွာနိုင်လျှင် ငါ၏တပည့်မဖြစ်နိုင်။
34. ဆားသည်ကောင်း၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်ကဲ့သို့အရသာရှိစေမည်နည်း။
35. မြေကြီးအတွက်ဖြစ်စေ၊ မြေသြဇာအတွက်ဖြစ်စေ အသုံးမဝင်တော့သဖြင့် ၎င်းကို အပြင်သို့ပစ်လိုက်တတ်ကြ၏။ ကြားစရာနားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။