Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 14:18-20 Myanmar Standard Bible (MSB)

18. ထို​အ​ခါ အား​လုံး​တို့​သည် မ​လာ​နိုင်​ကြောင်း တ​ညီ​တ​ညွတ်​တည်း​ဆင်​ခြေ​ပေး​ကြ​၏။ ပ​ထ​မ​လူ​က ‘အ​ကျွန်ုပ်​သည် လယ်​တစ်​ကွက်​ဝယ်​ထား​သည်​ဖြစ်​၍ ထို​လယ်​ကို မ​ဖြစ်​မ​နေ​သွား​ကြည့်​ရ​ပါ​မည်။ အ​ကျွန်ုပ်​ကို​ခွင့်​လွှတ်​ရန် တောင်း​ပန်​ပါ​သည်’​ဟု ဆို​လေ​၏။

19. အ​ခြား​တစ်​ဦး​က​လည်း ‘အ​ကျွန်ုပ်​သည် နွား​ငါး​ရှဉ်း​ကို​ဝယ်​ထား​သည်​ဖြစ်​၍ ထို​နွား​တို့​ကို​စမ်း​သပ်​ရန် သွား​ရ​တော့​မည်။ အ​ကျွန်ုပ်​ကို​ခွင့်​လွှတ်​ရန် တောင်း​ပန်​ပါ​သည်’​ဟု ဆို​လေ​၏။

20. နောက်​တစ်​ဦး​က​လည်း ‘အ​ကျွန်ုပ်​သည် မိန်း​မ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ပြီ​ဖြစ်​၍ မ​လာ​နိုင်​ပါ’​ဟု ဆို​၏။