Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 14:12-20 Myanmar Standard Bible (MSB)

12. ထို့​နောက် ကိုယ်​တော်​သည် မိ​မိ​ကို​ဖိတ်​ခေါ်​ထား​သော​သူ​အား “သင်​သည် ဧည့်​ခံ​ပွဲ သို့​မ​ဟုတ် ည​စာ​စား​ပွဲ​ကို​ကျင်း​ပ​သော​အ​ခါ သင်​၏​မိတ်​ဆွေ​များ၊ ညီ​အစ်​ကို​များ၊ ဆွေ​မျိုး​များ​နှင့် ချမ်း​သာ​သော​အိမ်​နီး​ချင်း​များ​ကို မ​ဖိတ်​နှင့်။ ထို​သို့​ဖိတ်​လျှင် သူ​တို့​သည်​လည်း သင့်​ကို​ပြန်​ဖိတ်​၍ ကျေး​ဇူး​တုံ့​ပြန်​ကြ​လိမ့်​မည်။

13. သို့​သော် ဧည့်​ခံ​ပွဲ​ကျင်း​ပ​သော​အ​ခါ ဆင်း​ရဲ​သား​များ၊ အင်္ဂါ​ချို့​တဲ့​သူ​များ၊ ခြေ​မ​သန်​စွမ်း​သူ​များ​နှင့် မျက်​မ​မြင်​များ​ကို ဖိတ်​ခေါ်​လော့။

14. သို့​ပြု​လျှင် သူ​တို့​သည် သင့်​အား​ကျေး​ဇူး​မ​တုံ့​ပြန်​နိုင်​ကြ​သော​ကြောင့် သင်​သည် မင်္ဂ​လာ​ရှိ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ သင်​သည် ကျေး​ဇူး​တုံ့​ပြန်​ခြင်း​ကို အ​မှန်​ပင်​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

15. ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သော​သူ​တစ်​ဦး​သည် ထို​စ​ကား​တော်​တို့​ကို​ကြား​လျှင် “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင် စား​သောက်​ပွဲ​၌​ပါ​ဝင်​ရ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု လျှောက်​လေ​၏။

16. ကိုယ်​တော်​က​လည်း “လူ​တစ်​ဦး​သည် ည​စာ​စား​ပွဲ​ကြီး​တစ်​ခု​ကို​ပြင်​ဆင်​လျက် လူ​များ​စွာ​တို့​ကို​ဖိတ်​ခေါ်​ထား​၏။

17. ပွဲ​အ​ချိန်​ရောက်​သော​အ​ခါ ဖိတ်​ခေါ်​ထား​သူ​များ​ထံ​သို့ မိ​မိ​အ​စေ​အ​ပါး​ကို​စေ​လွှတ်​လျက် ‘ယ​ခု​အ​ဆင်​သင့်​ဖြစ်​ပြီ​ဖြစ်​၍ ကြွ​ကြ​ပါ’​ဟု ပြော​ကြား​စေ​၏။

18. ထို​အ​ခါ အား​လုံး​တို့​သည် မ​လာ​နိုင်​ကြောင်း တ​ညီ​တ​ညွတ်​တည်း​ဆင်​ခြေ​ပေး​ကြ​၏။ ပ​ထ​မ​လူ​က ‘အ​ကျွန်ုပ်​သည် လယ်​တစ်​ကွက်​ဝယ်​ထား​သည်​ဖြစ်​၍ ထို​လယ်​ကို မ​ဖြစ်​မ​နေ​သွား​ကြည့်​ရ​ပါ​မည်။ အ​ကျွန်ုပ်​ကို​ခွင့်​လွှတ်​ရန် တောင်း​ပန်​ပါ​သည်’​ဟု ဆို​လေ​၏။

19. အ​ခြား​တစ်​ဦး​က​လည်း ‘အ​ကျွန်ုပ်​သည် နွား​ငါး​ရှဉ်း​ကို​ဝယ်​ထား​သည်​ဖြစ်​၍ ထို​နွား​တို့​ကို​စမ်း​သပ်​ရန် သွား​ရ​တော့​မည်။ အ​ကျွန်ုပ်​ကို​ခွင့်​လွှတ်​ရန် တောင်း​ပန်​ပါ​သည်’​ဟု ဆို​လေ​၏။

20. နောက်​တစ်​ဦး​က​လည်း ‘အ​ကျွန်ုပ်​သည် မိန်း​မ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ပြီ​ဖြစ်​၍ မ​လာ​နိုင်​ပါ’​ဟု ဆို​၏။