Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 14:1-4 Myanmar Standard Bible (MSB)

1. တစ်​နေ့​သော​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​သည် အ​စား​အ​စာ​သုံး​ဆောင်​ရန် ဖာ​ရိ​ရှဲ​အ​ကြီး​အ​ကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်​မူ​လျှင် သူ​တို့​သည် ကိုယ်​တော်​ကို​စောင့်​ကြည့်​နေ​ကြ​၏။

2. ကိုယ်​တော်​၏​ရှေ့​၌ ရေ​ဖျဉ်း​စွဲ​သော​သူ​တစ်​ဦး​ရှိ​၏။

3. ယေ​ရှု​က ကျမ်း​တတ်​ပုဂ္ဂိုလ်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​အား “ဥ​ပုသ်​နေ့​၌ အ​နာ​ရော​ဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော သို့​မ​ဟုတ် မ​ညီ​သ​လော”​ဟု မေး​တော်​မူ​၏။

4. သို့​သော် သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ​၏။ ကိုယ်​တော်​သည် ထို​လူ​နာ​ကို ခေါ်​၍ အ​နာ​ရော​ဂါ​ပျောက်​ကင်း​စေ​ပြီး​လျှင် ပြန်​လွှတ်​တော်​မူ​၏။