Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 12:9-17 Myanmar Standard Bible (MSB)

9. သို့​သော် လူ​တို့​ရှေ့​၌ ငါ့​ကို​ငြင်း​ပယ်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​တို့​ရှေ့​၌ ငြင်း​ပယ်​ခြင်း​ခံ​ရ​လိမ့်​မည်။

10. လူ့​သား​အ​ပေါ်​ဆန့်​ကျင်​သည့်​စ​ကား​ကို ပြော​ဆို​သော​သူ​အား​လုံး ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို စော်​ကား​ပြော​ဆို​သော​သူ​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

11. လူ​တို့​သည် သင်​တို့​ကို ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​သို့​လည်း​ကောင်း၊ အုပ်​ချုပ်​သူ​များ​နှင့် အာ​ဏာ​ပိုင်​များ​ရှေ့​သို့​လည်း​ကောင်း ခေါ်​ဆောင်​သွား​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ကို မည်​ကဲ့​သို့​ချေ​ပ​ရ​မည်​နည်း။ သို့​မ​ဟုတ် မည်​သည့်​အ​ရာ​ကို ပြော​ဆို​ရ​မည်​နည်း​ဟူ​၍ မ​စိုး​ရိမ်​ကြ​နှင့်။

12. အ​ကြောင်း​မူ​ကား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပြော​ဆို​ရ​မည့်​အ​ရာ​တို့​ကို ထို​အ​ချိန်​နာ​ရီ​၌​ပင် သင်​တို့​အား​သွန်​သင်​ပေး​တော်​မူ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

13. ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​ထဲ​မှ တစ်​စုံ​တစ်​ဦး​က ကိုယ်​တော်​အား “ဆ​ရာ၊ အ​ကျွန်ုပ်​ကို​အ​မွေ​ခွဲ​ဝေ​ပေး​ရန် အ​ကျွန်ုပ်​၏​အစ်​ကို​အား အ​မိန့်​ရှိ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

14. သို့​သော် ကိုယ်​တော်​က “အ​ချင်း​လူ၊ သင်​တို့​ကို​တ​ရား​စီ​ရင်​သူ သို့​မ​ဟုတ် သင်​တို့​၏​ခုံ​လူ​ကြီး​အ​ဖြစ် မည်​သူ​သည် ငါ့​ကို​ခန့်​ထား​သ​နည်း”​ဟု သူ့​အား​မိန့်​တော်​မူ​၏။

15. ထို့​နောက် လူ​တို့​အား “လော​ဘ​လွန်​ကျူး​ခြင်း​အ​မျိုး​မျိုး​ကို သ​တိ​ပြု​၍​ရှောင်​ကြဉ်​ကြ​လော့။ အ​ကြောင်း​မူ​ကား လူ​၏​အ​သက်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​မှု​အ​ပေါ်​၌​တည်​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ၏။

16. တစ်​ဖန် သူ​တို့​အား ပုံ​ဥ​ပ​မာ​တစ်​ခု​မြွက်​ဆို​တော်​မူ​သည်​မှာ “သူ​ဌေး​တစ်​ဦး​သည် မိ​မိ​လယ်​ကွင်း​မှ​အ​သီး​အ​နှံ​ကောင်း​စွာ​ထွက်​သ​ဖြင့်

17. ‘ငါ​၏​အ​သီး​အ​နှံ​များ​ကို​သို​ထား​ရန် နေ​ရာ​မ​ရှိ။ ငါ​သည် မည်​သို့​ပြု​ရ​မည်​နည်း’​ဟု မိ​မိ​စိတ်​ထဲ​၌​တွေး​တော​ဆင်​ခြင်​လေ​၏။