51. မြေကြီးပေါ်၌ ငြိမ်သက်ခြင်းကိုပေးရန် ငါလာသည်ဟု ထင်မှတ်ကြသလော။ ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား ကွဲပြားစေရန် ငါလာ၏။
52. အကြောင်းမူကား ယခုမှစ၍ လူငါးယောက်ရှိသည့်အိမ်တစ်အိမ်တွင် သုံးယောက်သည် နှစ်ယောက်ကိုလည်းကောင်း၊ နှစ်ယောက်သည် သုံးယောက်ကိုလည်းကောင်း ဆန့်ကျင်လျက် ကွဲပြားကြလိမ့်မည်။
53. ဖခင်သည် သားကိုလည်းကောင်း၊ သားသည် ဖခင်ကိုလည်းကောင်း၊ မိခင်သည် သမီးကိုလည်းကောင်း၊ သမီးသည် မိခင်ကိုလည်းကောင်း၊ ယောက္ခမသည် ချွေးမကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း ဆန့်ကျင်လျက် ကွဲပြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
54. ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူသည်မှာ “သင်တို့သည် အနောက်အရပ်တွင် မိုးတိမ်တက်လာသည်ကိုမြင်လျှင် မိုးသက်မုန်တိုင်းလာနေပြီဟု ချက်ချင်းပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်တတ်၏။
55. တောင်လေတိုက်လာသောအခါ၌လည်း ပူအိုက်လိမ့်မည်ဟုပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်တတ်၏။
56. သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့သည် မြေကြီးနှင့်ကောင်းကင်တို့၏အသွင်အပြင်ကို ပိုင်းခြား၍သိနိုင်ကြသော်လည်း ဤအချိန်ကာလကို အဘယ်ကြောင့် ပိုင်းခြား၍မသိနိုင်ကြသနည်း။
57. ထိုမှတစ်ပါး မှန်ကန်သည့်အရာကို အဘယ်ကြောင့် မိမိတို့ကိုယ်တိုင်မဆင်ခြင်မသုံးသပ်ကြသနည်း။
58. သင့်ကိုတရားစွဲဆိုသူနှင့်အတူ အကြီးအကဲထံသို့သွားကြသောအခါ လမ်း၌ သူနှင့်ကျေအေးအောင်ကြိုးစားလော့။ သို့မဟုတ်ပါက သူသည် သင့်ကို တရားသူကြီးထံသို့ဆွဲခေါ်သွား၍ တရားသူကြီးသည် သင့်ကို မင်းမှုထမ်းလက်သို့အပ်သဖြင့် မင်းမှုထမ်းသည် သင့်ကို ထောင်ထဲ၌ ထည့်ထားလိမ့်မည်။
59. သင့်အား ငါဆိုမည်။ နောက်ဆုံးလတ္တာတစ်ပြားကို သင်ပြန်၍မဆပ်မချင်း ထိုနေရာမှ လုံးဝထွက်ရမည်မဟုတ်”ဟုမိန့်တော်မူ၏။