Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 12:45-59 Myanmar Standard Bible (MSB)

45. သို့​သော် ထို​အ​စေ​အ​ပါး​သည် မိ​မိ​စိတ်​ထဲ​၌ ‘ငါ့​သ​ခင်​ပြန်​လာ​ရန် ကြန့်​ကြာ​နေ​၏’​ဟု ဆို​လျက် အ​စေ​ခံ​ယောက်ျား​နှင့်​အ​စေ​ခံ​မိန်း​မ​များ​ကို ရိုက်​နှက်​ကာ စား​သောက်​ယစ်​မူး​လျက်​နေ​လျှင်

46. ထို​အ​စေ​အ​ပါး​၏​သ​ခင်​သည် သူ​မျှော်​လင့်​မ​ထား​သော​နေ့၊ သူ​မ​သိ​သော​အ​ချိန်​တွင် ရောက်​လာ​၍ သူ့​ကို ပြင်း​စွာ​ပြစ်​ဒဏ်​ပေး​ကာ မ​ယုံ​ကြည်​သူ​တို့​နှင့်​အ​တူ နေ​ရာ​ချ​ထား​လိမ့်​မည်။

47. မိ​မိ​သ​ခင်​၏​အ​လို​ကို​သိ​လျက်​ပင် ပြင်​ဆင်​ထား​ခြင်း​မ​ရှိ သို့​မ​ဟုတ် သ​ခင်​၏​အ​လို​အ​တိုင်း​လုပ်​ဆောင်​ခြင်း​မ​ရှိ​သော အ​စေ​အ​ပါး​သည် များ​စွာ​ရိုက်​နှက်​ခြင်း​ခံ​ရ​လိမ့်​မည်။

48. သို့​သော် သ​ခင်​၏​အ​လို​ကို​မ​သိ​ဘဲ ရိုက်​နှက်​ခြင်း​ဒဏ်​နှင့်​ထိုက်​သော​အ​မှု​ကို ပြု​မိ​သော​သူ​သည် အ​နည်း​ငယ်​သာ ရိုက်​နှက်​ခြင်း​ခံ​ရ​မည်။ များ​စွာ​ရ​ရှိ​ထား​သော​သူ​အား​လုံး​ထံ​မှ များ​စွာ​တောင်း​ဆို​လိမ့်​မည်။ များ​စွာ​အပ်​နှံ​ထား​သော​သူ​ထံ​မှ ပို​၍​များ​စွာ​တောင်း​ကြ​လိမ့်​မည်။

49. မြေ​ကြီး​ပေါ်​သို့​မီး​ကျ​လာ​စေ​ရန် ငါ​လာ​၏။ မီး​စွဲ​လောင်​ပြီး​သား​ဖြစ်​ရန်​ပင် ငါ​အ​လွန်​အ​လို​ရှိ​၏။

50. သို့​သော် ငါ​ခံ​မည့်​ဗတ္တိ​ဇံ​တစ်​ပါး​ရှိ​၏။ ထို​အ​မှု​မ​ပြီး​ဆုံး​မီ​တိုင်​အောင် ငါ​သည် ဖိ​စီး​မှု​ကို မည်​မျှ​ခံ​စား​ရ​ပါ​မည်​နည်း။

51. မြေ​ကြီး​ပေါ်​၌ ငြိမ်​သက်​ခြင်း​ကို​ပေး​ရန် ငါ​လာ​သည်​ဟု ထင်​မှတ်​ကြ​သ​လော။ ထို​သို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား ကွဲ​ပြား​စေ​ရန် ငါ​လာ​၏။

52. အ​ကြောင်း​မူ​ကား ယ​ခု​မှ​စ​၍ လူ​ငါး​ယောက်​ရှိ​သည့်​အိမ်​တစ်​အိမ်​တွင် သုံး​ယောက်​သည် နှစ်​ယောက်​ကို​လည်း​ကောင်း၊ နှစ်​ယောက်​သည် သုံး​ယောက်​ကို​လည်း​ကောင်း ဆန့်​ကျင်​လျက် ကွဲ​ပြား​ကြ​လိမ့်​မည်။

53. ဖ​ခင်​သည် သား​ကို​လည်း​ကောင်း၊ သား​သည် ဖ​ခင်​ကို​လည်း​ကောင်း၊ မိ​ခင်​သည် သ​မီး​ကို​လည်း​ကောင်း၊ သ​မီး​သည် မိ​ခင်​ကို​လည်း​ကောင်း၊ ယောက္ခ​မ​သည် ချွေး​မ​ကို​လည်း​ကောင်း၊ ချွေး​မ​သည် ယောက္ခ​မ​ကို​လည်း​ကောင်း ဆန့်​ကျင်​လျက် ကွဲ​ပြား​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

54. ထို့​နောက် ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “သင်​တို့​သည် အ​နောက်​အ​ရပ်​တွင် မိုး​တိမ်​တက်​လာ​သည်​ကို​မြင်​လျှင် မိုး​သက်​မုန်​တိုင်း​လာ​နေ​ပြီ​ဟု ချက်​ချင်း​ပြော​တတ်​ကြ​၏။ ထို​အ​တိုင်း​လည်း​ဖြစ်​တတ်​၏။

55. တောင်​လေ​တိုက်​လာ​သော​အ​ခါ​၌​လည်း ပူ​အိုက်​လိမ့်​မည်​ဟု​ပြော​တတ်​ကြ​၏။ ထို​အ​တိုင်း​လည်း​ဖြစ်​တတ်​၏။

56. သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့၊ သင်​တို့​သည် မြေ​ကြီး​နှင့်​ကောင်း​ကင်​တို့​၏​အ​သွင်​အ​ပြင်​ကို ပိုင်း​ခြား​၍​သိ​နိုင်​ကြ​သော်​လည်း ဤ​အ​ချိန်​ကာ​လ​ကို အ​ဘယ်​ကြောင့် ပိုင်း​ခြား​၍​မ​သိ​နိုင်​ကြ​သ​နည်း။

57. ထို​မှ​တစ်​ပါး မှန်​ကန်​သည့်​အ​ရာ​ကို အ​ဘယ်​ကြောင့် မိ​မိ​တို့​ကိုယ်​တိုင်​မ​ဆင်​ခြင်​မ​သုံး​သပ်​ကြ​သ​နည်း။

58. သင့်​ကို​တ​ရား​စွဲ​ဆို​သူ​နှင့်​အ​တူ အ​ကြီး​အ​ကဲ​ထံ​သို့​သွား​ကြ​သော​အ​ခါ လမ်း​၌ သူ​နှင့်​ကျေ​အေး​အောင်​ကြိုး​စား​လော့။ သို့​မ​ဟုတ်​ပါ​က သူ​သည် သင့်​ကို တ​ရား​သူ​ကြီး​ထံ​သို့​ဆွဲ​ခေါ်​သွား​၍ တ​ရား​သူ​ကြီး​သည် သင့်​ကို မင်း​မှု​ထမ်း​လက်​သို့​အပ်​သ​ဖြင့် မင်း​မှု​ထမ်း​သည် သင့်​ကို ထောင်​ထဲ​၌ ထည့်​ထား​လိမ့်​မည်။

59. သင့်​အား ငါ​ဆို​မည်။ နောက်​ဆုံး​လတ္တာ​တစ်​ပြား​ကို သင်​ပြန်​၍​မ​ဆပ်​မ​ချင်း ထို​နေ​ရာ​မှ လုံး​ဝ​ထွက်​ရ​မည်​မ​ဟုတ်”​ဟု​မိန့်​တော်​မူ​၏။