42. သခင်ဘုရားကလည်း “မိမိအိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာများစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးခေါင်းဆောင်ကား မည်သူနည်း။
43. မိမိသခင်ပြန်လာသောအခါ ထိုသို့ဆောင်ရွက်နေသည်ကို သခင်တွေ့ရသောအစေအပါးသည် မင်္ဂလာရှိ၏။
44. သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ဥစ္စာပစ္စည်းရှိသမျှကို သူ့အားကြီးကြပ်စောင့်ရှောက်စေလိမ့်မည်။
45. သို့သော် ထိုအစေအပါးသည် မိမိစိတ်ထဲ၌ ‘ငါ့သခင်ပြန်လာရန် ကြန့်ကြာနေ၏’ဟု ဆိုလျက် အစေခံယောက်ျားနှင့်အစေခံမိန်းမများကို ရိုက်နှက်ကာ စားသောက်ယစ်မူးလျက်နေလျှင်
46. ထိုအစေအပါး၏သခင်သည် သူမျှော်လင့်မထားသောနေ့၊ သူမသိသောအချိန်တွင် ရောက်လာ၍ သူ့ကို ပြင်းစွာပြစ်ဒဏ်ပေးကာ မယုံကြည်သူတို့နှင့်အတူ နေရာချထားလိမ့်မည်။
47. မိမိသခင်၏အလိုကိုသိလျက်ပင် ပြင်ဆင်ထားခြင်းမရှိ သို့မဟုတ် သခင်၏အလိုအတိုင်းလုပ်ဆောင်ခြင်းမရှိသော အစေအပါးသည် များစွာရိုက်နှက်ခြင်းခံရလိမ့်မည်။
48. သို့သော် သခင်၏အလိုကိုမသိဘဲ ရိုက်နှက်ခြင်းဒဏ်နှင့်ထိုက်သောအမှုကို ပြုမိသောသူသည် အနည်းငယ်သာ ရိုက်နှက်ခြင်းခံရမည်။ များစွာရရှိထားသောသူအားလုံးထံမှ များစွာတောင်းဆိုလိမ့်မည်။ များစွာအပ်နှံထားသောသူထံမှ ပို၍များစွာတောင်းကြလိမ့်မည်။
49. မြေကြီးပေါ်သို့မီးကျလာစေရန် ငါလာ၏။ မီးစွဲလောင်ပြီးသားဖြစ်ရန်ပင် ငါအလွန်အလိုရှိ၏။
50. သို့သော် ငါခံမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှုမပြီးဆုံးမီတိုင်အောင် ငါသည် ဖိစီးမှုကို မည်မျှခံစားရပါမည်နည်း။