Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 12:3-8 Myanmar Standard Bible (MSB)

3. သို့​ဖြစ်​၍ မှောင်​မိုက်​၌ သင်​တို့​ပြော​ဆို​သော​အ​ရာ​တို့​ကို အ​လင်း​၌​ကြား​ကြ​လိမ့်​မည်။ အိမ်​အ​တွင်း​ခန်း​ထဲ​၌ နား​အ​ပါး​ကပ်​၍ သင်​တို့​ပြော​ဆို​သော​အ​ရာ​များ​ကို လေ​သာ​ဆောင်​ပေါ်​မှ ကြေ​ညာ​ကြ​လိမ့်​မည်။

4. ငါ​၏​မိတ်​ဆွေ​များ​ဖြစ်​ကြ​သော​သင်​တို့​အား ငါ​ဆို​မည်။ ကိုယ်​ခန္ဓာ​ကို​သတ်​ပြီး​သည့်​နောက်​တွင် အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ ထပ်​၍​မ​ပြု​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။

5. သင်​တို့​ကြောက်​ရ​မည့်​သူ​ကို သင်​တို့​အား ငါ​ပြော​ပြ​မည်။ ကိုယ်​ခန္ဓာ​ကို​သတ်​ပြီး​နောက် င​ရဲ​ထဲ​သို့​ပစ်​ချ​ပိုင်​ခွင့်​ရှိ​သော​သူ​ကို ကြောက်​ကြ​လော့။ မှန်​ပေ​၏။ ထို​သူ​ကို​ကြောက်​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​၏။

6. စာ​က​လေး​ငါး​ကောင်​ကို အဿ​ရိ​နှစ်​ပြား​နှင့်​ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် ထို​စာ​က​လေး​တစ်​ကောင်​ကို​မျှ ဘု​ရား​သ​ခင်​မေ့​လျော့​တော်​မ​မူ။

7. သင်​တို့​ဦး​ခေါင်း​မှ​ဆံ​ပင်​ရှိ​သ​မျှ​ကို​ပင် ရေ​တွက်​ထား​တော်​မူ​၏။ မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​က​လေး​များ​စွာ​တို့​ထက်​အ​ဖိုး​ထိုက်​ကြ​၏။

8. သင်​တို့​အား ငါ​ဆို​သည်​ကား မည်​သူ​မ​ဆို လူ​တို့​ရှေ့​၌ ငါ့​ကို​ဝန်​ခံ​လျှင် လူ့​သား​သည်​လည်း ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​တို့​ရှေ့​၌ ထို​သူ​ကို ဝန်​ခံ​မည်။