Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 12:29-35 Myanmar Standard Bible (MSB)

29. ထို့​ကြောင့် သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​စား​ရ​မည်​နည်း၊ မည်​သည့်​အ​ရာ​ကို​သောက်​ရ​မည်​နည်း​ဟု မ​ရှာ​ကြံ​ကြ​နှင့်။ စိုး​ရိမ်​ပူ​ပန်​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။

30. အ​ကြောင်း​မူ​ကား ဤ​လော​က​ရှိ လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် ဤ​အ​ရာ​များ​ကို ကြိုး​စား​ရှာ​ဖွေ​တတ်​ကြ​၏။ သို့​သော် သင်​တို့​အ​ဖ​သည် ဤ​အ​ရာ​များ​ကို သင်​တို့​လို​အပ်​ကြောင်း သိ​တော်​မူ​၏။

31. သို့​ဖြစ်​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​ရှာ​ကြ​လော့။ ထို​အ​ခါ ဤ​အ​ရာ​များ​ကို သင်​တို့​အား ထပ်​လောင်း​၍​ပေး​တော်​မူ​လိမ့်​မည်။

32. သိုး​စု​ငယ်၊ မ​ကြောက်​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​အ​ဖ​သည် သင်​တို့​အား နိုင်​ငံ​တော်​ပေး​ရ​သည်​ကို နှစ်​သက်​တော်​မူ​၏။

33. သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​၍ ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ မိ​မိ​တို့​အ​တွက် မ​ဟောင်း​နွမ်း​နိုင်​သော ပိုက်​ဆံ​အိတ်​များ​ကို​ပြု​လုပ်​ကြ​၍ သူ​ခိုး​မ​ကပ်၊ ပိုး​မွှား​လည်း​မ​ဖျက်​ဆီး​ရာ ကောင်း​ကင်​ဘုံ​၌ မ​ကုန်​ခန်း​နိုင်​သော​ဥစ္စာ​ဘဏ္ဍာ​ကို သို​မှီး​ကြ​လော့။

34. အ​ကြောင်း​မူ​ကား သင်​တို့​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေ​ရာ​၌ သင်​တို့​၏​စိတ်​နှ​လုံး​လည်း​ရောက်​တတ်​၏။

35. သင်​တို့​သည် ခါး​ကို​စည်း​လျက် ဆီ​မီး​တို့​ကို​ထွန်း​ထား​ကြ​လော့။