Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 12:19-26 Myanmar Standard Bible (MSB)

19. ငါ​၏​ဝိ​ညာဉ်​ကို​လည်း အ​ချင်း​ဝိ​ညာဉ်၊ ကောင်း​သော​အ​ရာ​အ​မြောက်​အ​မြား​တို့​ကို နှစ်​ပေါင်း​များ​စွာ​အ​တွက် သို​မှီး​ထား​လျက်​ရှိ​ပြီ။ အ​နား​ယူ​လော့။ စား​သောက်​ပျော်​မွေ့​လော့​ဟူ​၍ ငါ​ပြော​မည်’​ဟု ဆို​လေ​၏။

20. သို့​သော် ဘု​ရား​သ​ခင်​သည် ထို​သူ​အား ‘အ​ချင်း​လူ​မိုက်၊ ဤ​ည​၌​ပင် သင့်​ဝိ​ညာဉ်​ကို သင့်​ထံ​မှ​ရုပ်​သိမ်း​ကြ​လိမ့်​မည်။ သို့​ဖြစ်​လျှင် သင်​ပြင်​ဆင်​ထား​သော​အ​ရာ​များ​သည် မည်​သူ့​ဥစ္စာ​ဖြစ်​လိမ့်​မည်​နည်း’​ဟု မိန့်​တော်​မူ​၏။

21. မိ​မိ​အ​တွက် ဥစ္စာ​များ​ကို​သို​မှီး​ထား​သော်​လည်း ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ကြွယ်​ဝ​ခြင်း​မ​ရှိ​သော​သူ​သည် ဤ​သူ​ဌေး​နှင့်​တူ​၏”​ဟု မိန့်​တော်​မူ​၏။

22. ထို့​နောက် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “သို့​ဖြစ်​၍ သင်​တို့​အား ငါ​ဆို​မည်။ အ​သက်​ရှင်​ရေး​အ​တွက် မည်​သည့်​အ​ရာ​ကို​စား​ရ​မည်​နည်း​ဟူ​၍​လည်း​ကောင်း၊ ကိုယ်​ခန္ဓာ​အ​တွက် မည်​သည့်​အ​ရာ​ကို​ဝတ်​ရ​မည်​နည်း​ဟူ​၍​လည်း​ကောင်း မ​စိုး​ရိမ်​ကြ​နှင့်။

23. အ​ကြောင်း​မူ​ကား အ​သက်​သည် အ​စာ​ထက် အ​ရေး​ကြီး​၏။ ကိုယ်​ခန္ဓာ​သည်​လည်း အ​ဝတ်​ထက် အ​ရေး​ကြီး​၏။

24. ကျီး​ကန်း​များ​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုး​ကြဲ​ခြင်း​မ​ရှိ။ ရိတ်​သိမ်း​ခြင်း​လည်း​မ​ရှိ။ သို​လှောင်​ရုံ​များ​နှင့် ကျီ​များ​လည်း​မ​ရှိ။ သို့​သော် ဘု​ရား​သ​ခင်​သည် ၎င်း​တို့​ကို​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့​သည် ငှက်​တို့​ထက် များ​စွာ​အ​ဖိုး​ထိုက်​ကြ​၏။

25. သင်​တို့​တွင် မည်​သူ​သည် စိုး​ရိမ်​သော​အား​ဖြင့် မိ​မိ​၏​အ​သက်​ကို တစ်​တောင်​ခန့်​မျှ ပို​၍​ရှည်​စေ​နိုင်​သ​နည်း။

26. ထို​သို့ သေး​ငယ်​သော​အ​မှု​ကို​ပင် မ​တတ်​နိုင်​ကြ​လျှင် အ​ဘယ်​ကြောင့် အ​ခြား​သော​အ​မှု​များ​အ​တွက် စိုး​ရိမ်​ကြ​သ​နည်း။