Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 12:17-30 Myanmar Standard Bible (MSB)

17. ‘ငါ​၏​အ​သီး​အ​နှံ​များ​ကို​သို​ထား​ရန် နေ​ရာ​မ​ရှိ။ ငါ​သည် မည်​သို့​ပြု​ရ​မည်​နည်း’​ဟု မိ​မိ​စိတ်​ထဲ​၌​တွေး​တော​ဆင်​ခြင်​လေ​၏။

18. ထို့​နောက် သူ​က ‘ငါ​ဤ​သို့​ပြု​မည်။ ငါ့​ကျီ​များ​ကို​ဖျက်​၍ ပို​မို​ကြီး​မား​သော​ကျီ​များ​ကို​ဆောက်​ပြီး​လျှင် ငါ​၏​ဂျုံ​ဆန်​နှင့်​ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ထို​နေ​ရာ​တွင် စု​သိမ်း​ထား​မည်။

19. ငါ​၏​ဝိ​ညာဉ်​ကို​လည်း အ​ချင်း​ဝိ​ညာဉ်၊ ကောင်း​သော​အ​ရာ​အ​မြောက်​အ​မြား​တို့​ကို နှစ်​ပေါင်း​များ​စွာ​အ​တွက် သို​မှီး​ထား​လျက်​ရှိ​ပြီ။ အ​နား​ယူ​လော့။ စား​သောက်​ပျော်​မွေ့​လော့​ဟူ​၍ ငါ​ပြော​မည်’​ဟု ဆို​လေ​၏။

20. သို့​သော် ဘု​ရား​သ​ခင်​သည် ထို​သူ​အား ‘အ​ချင်း​လူ​မိုက်၊ ဤ​ည​၌​ပင် သင့်​ဝိ​ညာဉ်​ကို သင့်​ထံ​မှ​ရုပ်​သိမ်း​ကြ​လိမ့်​မည်။ သို့​ဖြစ်​လျှင် သင်​ပြင်​ဆင်​ထား​သော​အ​ရာ​များ​သည် မည်​သူ့​ဥစ္စာ​ဖြစ်​လိမ့်​မည်​နည်း’​ဟု မိန့်​တော်​မူ​၏။

21. မိ​မိ​အ​တွက် ဥစ္စာ​များ​ကို​သို​မှီး​ထား​သော်​လည်း ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ကြွယ်​ဝ​ခြင်း​မ​ရှိ​သော​သူ​သည် ဤ​သူ​ဌေး​နှင့်​တူ​၏”​ဟု မိန့်​တော်​မူ​၏။

22. ထို့​နောက် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “သို့​ဖြစ်​၍ သင်​တို့​အား ငါ​ဆို​မည်။ အ​သက်​ရှင်​ရေး​အ​တွက် မည်​သည့်​အ​ရာ​ကို​စား​ရ​မည်​နည်း​ဟူ​၍​လည်း​ကောင်း၊ ကိုယ်​ခန္ဓာ​အ​တွက် မည်​သည့်​အ​ရာ​ကို​ဝတ်​ရ​မည်​နည်း​ဟူ​၍​လည်း​ကောင်း မ​စိုး​ရိမ်​ကြ​နှင့်။

23. အ​ကြောင်း​မူ​ကား အ​သက်​သည် အ​စာ​ထက် အ​ရေး​ကြီး​၏။ ကိုယ်​ခန္ဓာ​သည်​လည်း အ​ဝတ်​ထက် အ​ရေး​ကြီး​၏။

24. ကျီး​ကန်း​များ​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုး​ကြဲ​ခြင်း​မ​ရှိ။ ရိတ်​သိမ်း​ခြင်း​လည်း​မ​ရှိ။ သို​လှောင်​ရုံ​များ​နှင့် ကျီ​များ​လည်း​မ​ရှိ။ သို့​သော် ဘု​ရား​သ​ခင်​သည် ၎င်း​တို့​ကို​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့​သည် ငှက်​တို့​ထက် များ​စွာ​အ​ဖိုး​ထိုက်​ကြ​၏။

25. သင်​တို့​တွင် မည်​သူ​သည် စိုး​ရိမ်​သော​အား​ဖြင့် မိ​မိ​၏​အ​သက်​ကို တစ်​တောင်​ခန့်​မျှ ပို​၍​ရှည်​စေ​နိုင်​သ​နည်း။

26. ထို​သို့ သေး​ငယ်​သော​အ​မှု​ကို​ပင် မ​တတ်​နိုင်​ကြ​လျှင် အ​ဘယ်​ကြောင့် အ​ခြား​သော​အ​မှု​များ​အ​တွက် စိုး​ရိမ်​ကြ​သ​နည်း။

27. နှင်း​ပန်း​များ မည်​ကဲ့​သို့​ကြီး​ထွား​ကြ​သည်​ကို ဆင်​ခြင်​ကြ​လော့။ ၎င်း​တို့​သည် အ​လုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။ သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ မိ​မိ​၏​ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​လျက်​ရှိ​သော ရှော​လ​မုန်​ပင်​လျှင် ဤ​နှင်း​ပန်း​တစ်​ပွင့်​ကဲ့​သို့ မ​ဆင်​မြန်း​ခဲ့​ရ​ပေ။

28. ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ​တို့၊ ယ​နေ့​ရှင်​သန်​လျက်​ရှိ​သော်​လည်း မ​နက်​ဖြန်​မီး​ဖို​ထဲ​သို့​ပစ်​ချ​ခံ​ရ​မည့် တော​မြက်​ပင်​ကို​ပင် ဘု​ရား​သ​ခင်​သည် ဤ​မျှ​လောက်​ဆင်​ယင်​ပေး​တော်​မူ​လျှင် သင်​တို့​ကို မည်​မျှ​ပို​၍​ဆင်​ယင်​ပေး​တော်​မူ​လိမ့်​မည်​နည်း။

29. ထို့​ကြောင့် သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​စား​ရ​မည်​နည်း၊ မည်​သည့်​အ​ရာ​ကို​သောက်​ရ​မည်​နည်း​ဟု မ​ရှာ​ကြံ​ကြ​နှင့်။ စိုး​ရိမ်​ပူ​ပန်​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။

30. အ​ကြောင်း​မူ​ကား ဤ​လော​က​ရှိ လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် ဤ​အ​ရာ​များ​ကို ကြိုး​စား​ရှာ​ဖွေ​တတ်​ကြ​၏။ သို့​သော် သင်​တို့​အ​ဖ​သည် ဤ​အ​ရာ​များ​ကို သင်​တို့​လို​အပ်​ကြောင်း သိ​တော်​မူ​၏။