Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 11:4-16 Myanmar Standard Bible (MSB)

4. အ​ကျွန်ုပ်​တို့​အ​ပေါ် အ​ပြစ်​ကြွေး​ရှိ​သူ​အား​လုံး​တို့​ကို အ​ကျွန်ုပ်​တို့​ခွင့်​လွှတ်​သည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​ကို​လည်း ခွင့်​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ပါ​နှင့်’​ဟူ​၍ မြွက်​ဆို​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

5. ထို့​နောက် ကိုယ်​တော်​က “သင်​တို့​ထဲ​မှ​တစ်​စုံ​တစ်​ယောက်​တွင် မိတ်​ဆွေ​တစ်​ဦး​ရှိ​သည်​ဆို​ပါ​စို့။ သူ​သည် သန်း​ခေါင်​အ​ချိန်​၌ ထို​မိတ်​ဆွေ​ထံ​သွား​၍ ‘အ​ဆွေ၊

6. အ​ကျွန်ုပ်​၏​မိတ်​ဆွေ​တစ်​ဦး​သည် ခ​ရီး​သွား​ရာ​မှ အ​ကျွန်ုပ်​ထံ​သို့​ရောက်​လာ​၏။ အ​ကျွန်ုပ်​၌ သူ့​ကို​ကျွေး​ရန် မည်​သည့်​အ​ရာ​မျှ​မ​ရှိ​သော​ကြောင့် အ​ကျွန်ုပ်​အား မုန့်​သုံး​လုံး​ချေး​ပေး​ပါ’​ဟု ဆို​သော်​လည်း

7. ထို​သူ​က ‘ငါ့​ကို​အ​နှောင့်​အ​ယှက်​မ​ပေး​ပါ​နှင့်။ တံ​ခါး​ပိတ်​ထား​ပြီ။ ငါ့​သား​သ​မီး​များ​သည်​လည်း ငါ​နှင့်​အ​တူ​အိပ်​ရာ​ဝင်​ကြ​ပြီ။ ငါ​သည်​ထ​၍ သင့်​အား မည်​သည့်​အ​ရာ​ကို​မျှ​မ​ပေး​နိုင်​ပါ’​ဟု အိမ်​တွင်း​မှ ပြန်​ပြော​လိမ့်​မည်။

8. သင်​တို့​အား ငါ​ဆို​မည်။ ထို​သူ​သည် မိ​မိ​မိတ်​ဆွေ​ဖြစ်​သည့်​အ​တွက်​မူ​ကား သူ့​အား မည်​သည့်​အ​ရာ​ကို​မျှ ထ​၍​မ​ပေး​သော်​လည်း အား​မ​လျှော့​ဘဲ​တောင်း​ဆို​သည့်​အ​တွက် လို​သ​မျှ​ကို ထ​၍​ပေး​လိမ့်​မည်။

9. ထို့​ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်​မည်။

10. အ​ကြောင်း​မူ​ကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း​တွေ့​၏။ တံ​ခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်​မည်။

11. သင်​တို့​တွင် မည်​သည့်​ဖ​ခင်​သည် သား​က ငါး​ကို​တောင်း​သော​အ​ခါ ငါး​အ​စား​မြွေ​ကို​ပေး​မည်​နည်း။

12. သို့​မ​ဟုတ် ကြက်​ဥ​ကို​တောင်း​သော​အ​ခါ ကင်း​မြီး​ကောက်​ကို​ပေး​မည်​နည်း။

13. သင်​တို့​သည် မ​ကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက်​ပင် သင်​တို့​၏​သား​သ​မီး​များ​အား ကောင်း​သော​လက်​ဆောင်​များ​ပေး​ရ​မည်​ကို​သိ​ကြ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​အ​ဖ​သည် မိ​မိ​ထံ​တောင်း​လျှောက်​သော​သူ​များ​အား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ​၍​ပင် ပေး​တော်​မူ​လိမ့်​မည်​မ​ဟုတ်​လော”​ဟု မိန့်​တော်​မူ​၏။

14. တစ်​ခါ​က ကိုယ်​တော်​သည် ဆွံ့​အ​သော​နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​၏။ နတ်​ဆိုး​ထွက်​သွား​သော​အ​ခါ ဆွံ့​အ​သော​သူ​သည် စ​ကား​ပြော​သ​ဖြင့် လူ​ထု​ပ​ရိ​သတ်​တို့​သည်​အံ့​သြ​ကြ​၏။

15. သို့​သော် ထို​သူ​တို့​ထဲ​မှ အ​ချို့​တို့​က “သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်”​ဟု ပြော​ဆို​ကြ​၏။

16. အ​ချို့​တို့​သည်​လည်း ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့် ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​ကို တောင်း​ဆို​ကြ​၏။