Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 11:38-54 Myanmar Standard Bible (MSB)

38. သို့​သော် အ​စာ​မ​သုံး​ဆောင်​မီ ဦး​စွာ​ဆေး​ကြော​ခြင်း​ပြု​တော်​မ​မူ​သည်​ကို ထို​ဖာ​ရိ​ရှဲ​သည်​မြင်​၍ အံ့​သြ​လေ​၏။

39. သ​ခင်​ဘု​ရား​က​လည်း “သင်​တို့​ဖာ​ရိ​ရှဲ​များ​သည် ခွက်​နှင့်​လင်​ပန်း​တို့​၏​အ​ပြင်​ဘက်​ကို စင်​ကြယ်​စေ​ကြ​သော်​လည်း သင်​တို့​အ​တွင်း​၌​ကား မ​တ​ရား​လု​ယူ​ခြင်း​နှင့်​ဆိုး​ညစ်​ခြင်း​တို့​ဖြင့် ပြည့်​နှက်​လျက်​ရှိ​၏။

40. မိုက်​မဲ​သော​သူ​တို့၊ အ​ပြင်​ဘက်​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် အ​တွင်း​ဘက်​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်​လော။

41. သို့​ဖြစ်​၍ အ​တွင်း​၌​ရှိ​သော​အ​ရာ​များ​ကို ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ သို့​ပြု​လျှင် အ​ရာ​ခပ်​သိမ်း​တို့​သည် သင်​တို့​အ​တွက် စင်​ကြယ်​ကြ​လိမ့်​မည်။

42. သို့​သော် ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ပင်​စိမ်း၊ စ​မုန်​စ​ပါး​နှင့် ဟင်း​သီး​ဟင်း​ရွက်​အ​မျိုး​မျိုး​တို့​ကို ဆယ်​ဖို့​တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း တ​ရား​မျှ​တ​ခြင်း​နှင့် ဘု​ရား​သ​ခင်​အ​ပေါ်​ထား​ရှိ​ရ​မည့်​ချစ်​ခြင်း​တို့​ကို ချန်​လှပ်​ထား​ကြ​၏။ ဤ​အ​ရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အ​ထက်​တွင်​ဆို​သော​အ​ရာ​များ​ကို​လည်း ဥ​ပေက္ခာ​မ​ပြု​ရ။

43. ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ အ​ထူး​ထိုင်​ခုံ​ကို​လည်း​ကောင်း၊ ဈေး​အ​ရပ်​၌ နှုတ်​ဆက်​ခံ​ရ​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ​၏။

44. သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် မ​ထင်​ရှား​သော သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ လူ​တို့​သည် ၎င်း​အ​ပေါ်​မှာ မ​သိ​ဘဲ သွား​လာ​တတ်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

45. ကျမ်း​တတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်​တော်​အား “ဆ​ရာ၊ ဤ​သို့​ပြော​ဆို​ခြင်း​သည် အ​ကျွန်ုပ်​တို့​ကို​လည်း ရှုတ်​ချ​ရာ​ရောက်​ပါ​၏”​ဟု ပြန်​လျှောက်​သော်

46. ကိုယ်​တော်​က “ကျမ်း​တတ်​ပုဂ္ဂိုလ်​တို့၊ သင်​တို့​သည်​လည်း အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ထမ်း​ရ​ခက်​သော​ဝန်​များ​ကို လူ​တို့​အား​ထမ်း​စေ​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​က​မူ ၎င်း​တို့​ကို သင်​တို့​လက်​ဖျား​နှင့်​မျှ​မ​တို့​ကြ။

47. သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် သင်​တို့​ဘိုး​ဘေး​များ​သတ်​ခဲ့​သော ပ​ရော​ဖက်​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တည်​ဆောက်​ကြ​၏။

48. ဤ​သို့​ဖြင့် သင်​တို့​သည် သင်​တို့​ဘိုး​ဘေး​များ​ပြု​သော​အ​မှု​တို့​ကို သ​ဘော​တူ​ထောက်​ခံ​၍ ထို​အ​မှု​တို့​၏​သက်​သေ​များ​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ပ​ရော​ဖက်​များ​ကို​သတ်​၍ သင်​တို့​သည် သင်္ချိုင်း​ဂူ​များ​ကို​တည်​ဆောက်​ကြ​၏။

49. သို့​ဖြစ်​၍ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော်​က ‘ပ​ရော​ဖက်​များ​နှင့် တ​မန်​တော်​များ​ကို သူ​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည်။ ထို​အ​ခါ သူ​တို့​သည် ထို​သူ​တို့​ထဲ​မှ အ​ချို့​တို့​ကို​ညှဉ်း​ဆဲ​၍ သတ်​ကြ​လိမ့်​မည်’​ဟု မြွက်​ဆို​ထား​၏။

50. ထို့​ကြောင့် အာ​ဗေ​လ​၏​သွေး​မှ​စ​၍ ဗိ​မာန်​တော်​နှင့်​ယဇ်​ပလ္လင်​ကြား​တွင် အ​သတ်​ခံ​ခဲ့​ရ​သည့် ဇာ​ခ​ရိ​၏​သွေး​တိုင်​အောင် ကမ္ဘာ​တည်​ချိန်​မှ​စ​၍ သွန်း​လောင်း​ခြင်း​ခံ​ရ​သော ပ​ရော​ဖက်​အ​ပေါင်း​တို့​၏​သွေး​ကြွေး​ကို ဤ​မျိုး​ဆက်​ထံ​မှ တောင်း​ယူ​လိမ့်​မည်။

51. မှန်​ပေ​၏။ ဤ​မျိုး​ဆက်​ထံ​မှ ထို​သွေး​ကြွေး​ကို​တောင်း​ယူ​လိမ့်​မည်​ဟု ငါ​ဆို​၏။

52. ကျမ်း​တတ်​ပုဂ္ဂိုလ်​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် အ​သိ​ပ​ညာ​သော့​ကို​သိမ်း​ယူ​၍ ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း တား​ဆီး​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

53. ထို​နေ​ရာ​မှ ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​သော​အ​ခါ ကျမ်း​ပြု​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​အ​ပေါ် ကြီး​စွာ​ရန်​ငြိုး​ထား​လျက် အ​ကြောင်း​အ​ရာ​အ​မျိုး​မျိုး​တို့​ကို တ​ရ​စပ်​မေး​မြန်း​ကာ

54. နှုတ်​တော်​ထွက်​စ​ကား​တစ်​စုံ​တစ်​ခု​ဖြင့် ကိုယ်​တော်​ကို​အ​ပြစ်​ရှာ​နိုင်​ရန် ချောင်း​မြောင်း​နေ​ကြ​၏။