Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 11:25-35 Myanmar Standard Bible (MSB)

25. ပြန်​လာ​ရာ ထို​နေ​ရာ​မှာ လှဲ​ကျင်း​၍​သပ်​ရပ်​စွာ​ပြင်​ဆင်​ထား​သည်​ကို တွေ့​လေ​၏။

26. ထို​အ​ခါ ၎င်း​သည်​သွား​၍ မိ​မိ​ထက်​ဆိုး​သော​နတ်​ခု​နစ်​ကောင်​ကို​ခေါ်​ဆောင်​လာ​ပြီး ထို​နေ​ရာ​၌ ဝင်​ရောက်​နေ​ထိုင်​သ​ဖြင့် ထို​လူ​၏​နောက်​ဖြစ်​အင်​သည် ရှေ့​ဖြစ်​အင်​ထက် ဆိုး​ရွား​လေ​၏”​ဟု မိန့်​တော်​မူ​၏။

27. ဤ​အ​ကြောင်း​အ​ရာ​များ​ကို ကိုယ်​တော်​မိန့်​တော်​မူ​စဉ် လူ​ထု​ပ​ရိ​သတ်​ထဲ​မှ အ​မျိုး​သ​မီး​တစ်​ဦး​သည် အ​သံ​ကို​ကျယ်​စွာ​ပြု​၍ “ကိုယ်​တော်​ကို​လွယ်​သော​ဝမ်း​နှင့် စို့​တော်​မူ​သော​သား​မြတ်​တို့​သည် မင်္ဂ​လာ​ရှိ​ပါ​၏”​ဟု လျှောက်​လေ​၏။

28. သို့​ရာ​တွင် ကိုယ်​တော်​က “စင်​စစ်​ကား ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို​ကြား​၍ စောင့်​ထိန်း​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

29. လူ​ထု​ပ​ရိ​သတ်​များ​စု​ရုံး​လာ​ကြ​စဉ် ကိုယ်​တော်​က “ဤ​မျိုး​ဆက်​သည် ဆိုး​ညစ်​သော​မျိုး​ဆက်​ဖြစ်​၏။ သူ​တို့​သည် နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​သော်​လည်း ယော​န​၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ သူ​တို့​အား​ပြ​လိမ့်​မည်​မ​ဟုတ်။

30. အ​ကြောင်း​မူ​ကား ယော​န​သည် နိ​နေ​ဝေ​မြို့​သား​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​သ​ကဲ့​သို့ လူ့​သား​သည်​လည်း ဤ​မျိုး​ဆက်​အ​တွက် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​လိမ့်​မည်။

31. တ​ရား​စီ​ရင်​တော်​မူ​သည့်​အ​ခါ တောင်​အ​ရပ်​မှ​ဘု​ရင်​မ​သည် ဤ​မျိုး​ဆက်​လူ​တို့​နှင့်​အ​တူ​ထ​မြောက်​လျက် ဤ​မျိုး​ဆက်​၏​အ​ပြစ်​ကို​ထင်​ရှား​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​သည် ရှော​လ​မုန်​၏​ဉာဏ်​ပ​ညာ​စ​ကား​ကို​နား​ထောင်​ရန် မြေ​ကြီး​အ​စွန်​အ​ဖျား​မှ​လာ​၏။ ကြည့်​ရှု​လော့။ ဤ​အ​ရပ်​၌ ရှော​လ​မုန်​ထက်​ကြီး​မြတ်​သော​သူ​ရှိ​၏။

32. တ​ရား​စီ​ရင်​တော်​မူ​သည့်​အ​ခါ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​မျိုး​ဆက်​နှင့်​အ​တူ​ထ​မြောက်​လျက် ဤ​မျိုး​ဆက်​၏​အ​ပြစ်​ကို​ထင်​ရှား​စေ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ယော​န​၏​ဟော​ပြော​ချက်​ကြောင့် နောင်​တ​ရ​ကြ​၏။ ကြည့်​ရှု​လော့။ ဤ​အ​ရပ်​၌ ယော​န​ထက်​ကြီး​မြတ်​သော​သူ​ရှိ​၏။

33. ဆီ​မီး​ကို​ထွန်း​၍ ကွယ်​ရာ​၌​ထား​သော​သူ သို့​မ​ဟုတ် တောင်း​အောက်​၌​ထား​သော​သူ တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။ ဝင်​လာ​သော​သူ​တို့​သည် အ​လင်း​ကို​မြင်​စေ​ရန် ဆီ​မီး​ခုံ​ပေါ်​၌​သာ​ထား​တတ်​ကြ​၏။

34. သင်​၏​မျက်​စိ​သည် ကိုယ်​ခန္ဓာ​၏​ဆီ​မီး​ဖြစ်​၏။ သင်​၏​မျက်​စိ​ကောင်း​သော​အ​ခါ သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​လည်း​တောက်​ပ​နေ​လိမ့်​မည်။ သို့​သော် မျက်​စိ​မ​ကောင်း​သော​အ​ခါ သင်​၏​ကိုယ်​ခန္ဓာ​သည်​လည်း မှောင်​မိုက်​နေ​လိမ့်​မည်။

35. သို့​ဖြစ်​၍ သင်​၌​ရှိ​သော​အ​လင်း​သည် အ​မှောင်​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​လော့။