Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 11:10-26 Myanmar Standard Bible (MSB)

10. အ​ကြောင်း​မူ​ကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း​တွေ့​၏။ တံ​ခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်​မည်။

11. သင်​တို့​တွင် မည်​သည့်​ဖ​ခင်​သည် သား​က ငါး​ကို​တောင်း​သော​အ​ခါ ငါး​အ​စား​မြွေ​ကို​ပေး​မည်​နည်း။

12. သို့​မ​ဟုတ် ကြက်​ဥ​ကို​တောင်း​သော​အ​ခါ ကင်း​မြီး​ကောက်​ကို​ပေး​မည်​နည်း။

13. သင်​တို့​သည် မ​ကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက်​ပင် သင်​တို့​၏​သား​သ​မီး​များ​အား ကောင်း​သော​လက်​ဆောင်​များ​ပေး​ရ​မည်​ကို​သိ​ကြ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​အ​ဖ​သည် မိ​မိ​ထံ​တောင်း​လျှောက်​သော​သူ​များ​အား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ​၍​ပင် ပေး​တော်​မူ​လိမ့်​မည်​မ​ဟုတ်​လော”​ဟု မိန့်​တော်​မူ​၏။

14. တစ်​ခါ​က ကိုယ်​တော်​သည် ဆွံ့​အ​သော​နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​၏။ နတ်​ဆိုး​ထွက်​သွား​သော​အ​ခါ ဆွံ့​အ​သော​သူ​သည် စ​ကား​ပြော​သ​ဖြင့် လူ​ထု​ပ​ရိ​သတ်​တို့​သည်​အံ့​သြ​ကြ​၏။

15. သို့​သော် ထို​သူ​တို့​ထဲ​မှ အ​ချို့​တို့​က “သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်”​ဟု ပြော​ဆို​ကြ​၏။

16. အ​ချို့​တို့​သည်​လည်း ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့် ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​ကို တောင်း​ဆို​ကြ​၏။

17. သို့​သော် ကိုယ်​တော်​သည် သူ​တို့​၏​စိတ်​သ​ဘော​များ​ကို သိ​မြင်​တော်​မူ​သ​ဖြင့် “မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​နိုင်​ငံ​တိုင်း​သည် လုံး​လုံး​ပျက်​စီး​သွား​၍ မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​အိမ်​သည်​လည်း ပြို​လဲ​တတ်​၏။

18. စာ​တန်​သည်​လည်း မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​လျှင် သူ​၏​နိုင်​ငံ​သည် မည်​သို့​တည်​မြဲ​နိုင်​မည်​နည်း။ ဤ​သို့​ဆို​ခြင်း​မှာ ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဟု သင်​တို့​ဆို​ကြ​သော​ကြောင့်​ဖြစ်​၏။

19. ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဆို​လျှင် သင်​တို့​၏​သား​များ​သည် မည်​သူ့​ကို​အ​မှီ​ပြု​၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို့​ကြောင့် သူ​တို့​သည် သင်​တို့​ကို တ​ရား​စီ​ရင်​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။

20. သို့​ရာ​တွင် ငါ​သည် ဘု​ရား​သ​ခင်​၏​လက်​ညှိုး​တော်​အား​ဖြင့် နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဆို​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​ထံ​ရောက်​ရှိ​လေ​ပြီ။

21. ခွန်​အား​ကြီး​သော​သူ​သည် လက်​နက်​အ​ပြည့်​အ​စုံ​ဖြင့် မိ​မိ​ခြံ​ဝင်း​ကို​စောင့်​ကြပ်​နေ​သော​အ​ခါ သူ​၏​ဥစ္စာ​ပစ္စည်း​များ​သည်​လုံ​ခြုံ​၏။

22. သို့​သော် သူ့​ထက်​ခွန်​အား​ကြီး​သော​သူ​သည်​ရောက်​လာ​၍ သူ့​ကို​တိုက်​ခိုက်​အောင်​နိုင်​သော​အ​ခါ သူ​အား​ကိုး​ခဲ့​သည့် လက်​နက်​စုံ​ကို​သိမ်း​ယူ​၍ သိမ်း​ပိုက်​ရ​ရှိ​သည့်​ပစ္စည်း​များ​ကို ခွဲ​ဝေ​လိမ့်​မည်။

23. ငါ့​ဘက်​၌​မ​နေ​သော​သူ​သည် ငါ့​ကို​ဆန့်​ကျင်​သော​သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သော​သူ​သည် တစ်​ကွဲ​တစ်​ပြား​ဖြစ်​စေ​သော​သူ​ဖြစ်​၏။

24. ညစ်​ညူး​သော​နတ်​သည် လူ​ထဲ​မှ​ထွက်​သွား​သော​အ​ခါ ခြောက်​သွေ့​သော​အ​ရပ်​ဒေ​သ​များ​သို့​လျှောက်​သွား​ကာ ခို​နား​ရာ​ကို​ရှာ​တတ်​၏။ သို့​သော် ရှာ​၍​မ​တွေ့​သ​ဖြင့် ‘ငါ​ထွက်​လာ​ခဲ့​သော ငါ့​အိမ်​သို့​ပြန်​မည်’​ဟု ဆို​လျက်

25. ပြန်​လာ​ရာ ထို​နေ​ရာ​မှာ လှဲ​ကျင်း​၍​သပ်​ရပ်​စွာ​ပြင်​ဆင်​ထား​သည်​ကို တွေ့​လေ​၏။

26. ထို​အ​ခါ ၎င်း​သည်​သွား​၍ မိ​မိ​ထက်​ဆိုး​သော​နတ်​ခု​နစ်​ကောင်​ကို​ခေါ်​ဆောင်​လာ​ပြီး ထို​နေ​ရာ​၌ ဝင်​ရောက်​နေ​ထိုင်​သ​ဖြင့် ထို​လူ​၏​နောက်​ဖြစ်​အင်​သည် ရှေ့​ဖြစ်​အင်​ထက် ဆိုး​ရွား​လေ​၏”​ဟု မိန့်​တော်​မူ​၏။