Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 11:1-12 Myanmar Standard Bible (MSB)

1. တစ်​ခါ​က ကိုယ်​တော်​သည် တစ်​နေ​ရာ​၌ ဆု​တောင်း​လျက်​နေ​တော်​မူ​၏။ ဆု​တောင်း​ပြီး​သော​အ​ခါ တ​ပည့်​တော်​တစ်​ပါး​က “သ​ခင်​ဘု​ရား၊ ယော​ဟန်​သည် သူ​၏​တ​ပည့်​များ​ကို​သင်​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို​လည်း ဆု​တောင်း​ရန်​သင်​ပေး​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

2. ကိုယ်​တော်​က​လည်း “သင်​တို့​ဆု​တောင်း​ကြ​သော​အ​ခါ ‘အ​ဖ၊ ကိုယ်​တော်​၏​နာ​မ​တော်​သည် ရို​သေ​လေး​မြတ်​ခြင်း​ခံ​ရ​ပါ​စေ​သော။ နိုင်​ငံ​တော်​ပေါ်​ထွန်း​ပါ​စေ​သော။

3. အ​ကျွန်ုပ်​တို့​အ​တွက် တစ်​နေ့​တာ​လို​အပ်​သော​အ​စာ​ကို နေ့​စဉ်​ပေး​သ​နား​တော်​မူ​ပါ။

4. အ​ကျွန်ုပ်​တို့​အ​ပေါ် အ​ပြစ်​ကြွေး​ရှိ​သူ​အား​လုံး​တို့​ကို အ​ကျွန်ုပ်​တို့​ခွင့်​လွှတ်​သည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​ကို​လည်း ခွင့်​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ပါ​နှင့်’​ဟူ​၍ မြွက်​ဆို​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

5. ထို့​နောက် ကိုယ်​တော်​က “သင်​တို့​ထဲ​မှ​တစ်​စုံ​တစ်​ယောက်​တွင် မိတ်​ဆွေ​တစ်​ဦး​ရှိ​သည်​ဆို​ပါ​စို့။ သူ​သည် သန်း​ခေါင်​အ​ချိန်​၌ ထို​မိတ်​ဆွေ​ထံ​သွား​၍ ‘အ​ဆွေ၊

6. အ​ကျွန်ုပ်​၏​မိတ်​ဆွေ​တစ်​ဦး​သည် ခ​ရီး​သွား​ရာ​မှ အ​ကျွန်ုပ်​ထံ​သို့​ရောက်​လာ​၏။ အ​ကျွန်ုပ်​၌ သူ့​ကို​ကျွေး​ရန် မည်​သည့်​အ​ရာ​မျှ​မ​ရှိ​သော​ကြောင့် အ​ကျွန်ုပ်​အား မုန့်​သုံး​လုံး​ချေး​ပေး​ပါ’​ဟု ဆို​သော်​လည်း

7. ထို​သူ​က ‘ငါ့​ကို​အ​နှောင့်​အ​ယှက်​မ​ပေး​ပါ​နှင့်။ တံ​ခါး​ပိတ်​ထား​ပြီ။ ငါ့​သား​သ​မီး​များ​သည်​လည်း ငါ​နှင့်​အ​တူ​အိပ်​ရာ​ဝင်​ကြ​ပြီ။ ငါ​သည်​ထ​၍ သင့်​အား မည်​သည့်​အ​ရာ​ကို​မျှ​မ​ပေး​နိုင်​ပါ’​ဟု အိမ်​တွင်း​မှ ပြန်​ပြော​လိမ့်​မည်။

8. သင်​တို့​အား ငါ​ဆို​မည်။ ထို​သူ​သည် မိ​မိ​မိတ်​ဆွေ​ဖြစ်​သည့်​အ​တွက်​မူ​ကား သူ့​အား မည်​သည့်​အ​ရာ​ကို​မျှ ထ​၍​မ​ပေး​သော်​လည်း အား​မ​လျှော့​ဘဲ​တောင်း​ဆို​သည့်​အ​တွက် လို​သ​မျှ​ကို ထ​၍​ပေး​လိမ့်​မည်။

9. ထို့​ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်​မည်။

10. အ​ကြောင်း​မူ​ကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း​တွေ့​၏။ တံ​ခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်​မည်။

11. သင်​တို့​တွင် မည်​သည့်​ဖ​ခင်​သည် သား​က ငါး​ကို​တောင်း​သော​အ​ခါ ငါး​အ​စား​မြွေ​ကို​ပေး​မည်​နည်း။

12. သို့​မ​ဟုတ် ကြက်​ဥ​ကို​တောင်း​သော​အ​ခါ ကင်း​မြီး​ကောက်​ကို​ပေး​မည်​နည်း။