Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 10:5-22 Myanmar Standard Bible (MSB)

5. မည်​သည့်​အိမ်​သို့​မ​ဆို သင်​တို့​ဝင်​ကြ​သော​အ​ခါ ‘ဤ​အိမ်​၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ’​ဟူ​၍ ဦး​စွာ​နှုတ်​ဆက်​ကြ​လော့။

6. ထို​နေ​ရာ​တွင် ငြိမ်​သက်​ခြင်း​၏​သား​ရှိ​လျှင် သင်​တို့​၏​ငြိမ်​သက်​ခြင်း​သည် ထို​သူ​အ​ပေါ်​သက်​ရောက်​လိမ့်​မည်။ မ​ရှိ​လျှင်​မူ​ကား ထို​ငြိမ်​သက်​ခြင်း​သည် သင်​တို့​ထံ​ပြန်​လာ​လိမ့်​မည်။

7. ထို​တစ်​အိမ်​တည်း​မှာ​ပင် တည်း​ခို​၍ သူ​တို့​ထံ​၌ စား​သောက်​ကြ​လော့။ အ​ကြောင်း​မူ​ကား အ​လုပ်​လုပ်​သော​သူ​သည် လုပ်​အား​ခ​ကို​ရ​ထိုက်​၏။ တစ်​အိမ်​မှ တစ်​အိမ်​သို့ မ​ပြောင်း​ကြ​နှင့်။

8. မည်​သည့်​မြို့​သို့​မ​ဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်​ခံ​လျှင် သင်​တို့​ရှေ့​၌​တည်​ခင်း​သော​အ​ရာ​များ​ကို စား​ကြ​လော့။

9. ထို​မြို့​ရှိ နာ​မ​ကျန်း​ဖြစ်​သူ​များ​ကို​ကျန်း​မာ​စေ​၍ ‘ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၌​ပေါ်​ထွန်း​လု​နီး​ပြီ’​ဟု သူ​တို့​အား ဟော​ပြော​ကြ​လော့။

10. မည်​သည့်​မြို့​သို့​မ​ဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​၏​လမ်း​မ​ပေါ်​သို့ ထွက်​ပြီး​လျှင်

11. ‘ငါ​တို့​ခြေ​တွင်​ကပ်​နေ​သည့် သင်​တို့​မြို့​မှ မြေ​မှုန့်​ကို​ပင် ငါ​တို့​ခါ​ချ​ခဲ့​၏။ သို့​သော် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၌​ပေါ်​ထွန်း​လု​နီး​ပြီ​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့’​ဟု ဟော​ပြော​ကြ​လော့။

12. သင်​တို့​အား ငါ​ဆို​မည်။ ထို​နေ့​၌ သော​ဒုံ​မြို့​သည် ထို​မြို့​ထက် ခံ​သာ​လိမ့်​မည်။

13. ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အမင်္ဂ​လာ​ရှိ​၏။ ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အမင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​၌​ပြု​ခဲ့​သော​တန်​ခိုး​လက္ခ​ဏာ​များ​ကို တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေး​ယ​ခင်​က​ပင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​လျက် ပြာ​ထဲ​၌​ထိုင်​ကာ နောင်​တ​ရ​ခဲ့​ကြ​ပေ​လိမ့်​မည်။

14. သို့​သော် တ​ရား​စီ​ရင်​တော်​မူ​သော​အ​ခါ တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံ​သာ​ကြ​လိမ့်​မည်။

15. က​ပေ​ရ​နောင်​မြို့၊ သင်​သည် ကောင်း​ကင်​အ​ထိ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​ပါ​မည်​လော။ သင်​သည် မ​ရ​ဏာ​နိုင်​ငံ​တိုင်​အောင် ကျ​ဆင်း​ရ​လိမ့်​မည်။

16. သင်​တို့​စ​ကား​ကို​နား​ထောင်​သော​သူ​သည် ငါ့​စ​ကား​ကို​နား​ထောင်​၏။ သင်​တို့​ကို​ငြင်း​ပယ်​သော​သူ​သည် ငါ့​ကို​ငြင်း​ပယ်​၏။ ငါ့​ကို​ငြင်း​ပယ်​သော​သူ​သည် ငါ့​အား​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​ငြင်း​ပယ်​၏”​ဟု မိန့်​တော်​မူ​၏။

17. ထို့​နောက် ထို​အ​ယောက်​ခု​နစ်​ဆယ်​တို့​သည် ဝမ်း​မြောက်​စွာ​ပြန်​လာ​၍ “သ​ခင်၊ ကိုယ်​တော်​၏​နာ​မ​တော်​၌ နတ်​ဆိုး​တို့​ပင် အ​ကျွန်ုပ်​တို့​ကို​နာ​ခံ​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။

18. ကိုယ်​တော်​က​လည်း “စာ​တန်​သည် လျှပ်​စီး​လက်​သ​ကဲ့​သို့ မိုး​ကောင်း​ကင်​မှ​ကျ​သည်​ကို ငါ​မြင်​ရ​၏။

19. ငါ​သည် သင်​တို့​အား မြွေ​များ​နှင့်​ကင်း​မြီး​ကောက်​များ​ကို​နင်း​ခြေ​၍ ရန်​သူ​၏​တန်​ခိုး​အ​လုံး​စုံ​တို့​ကို​နိုင်​ရ​သော​အ​ခွင့်​အာ​ဏာ​ကို ပေး​အပ်​ထား​ပြီ​ဖြစ်​၍ မည်​သည့်​အ​ရာ​က​မျှ သင်​တို့​ကို အ​နာ​တ​ရ​ဖြစ်​စေ​မည်​မ​ဟုတ်။

20. သို့​သော် နတ်​ဆိုး​တို့​သည် သင်​တို့​ကို​နာ​ခံ​ကြ​သည့်​အ​တွက် ဝမ်း​မြောက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​နာ​မည်​များ​ကို ကောင်း​ကင်​၌​ရေး​မှတ်​ထား​သည့်​အ​တွက် ဝမ်း​မြောက်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

21. ထို​အ​ချိန်​တွင် ကိုယ်​တော်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​အ​လွန်​ဝမ်း​မြောက်​၍ “ကောင်း​ကင်​နှင့်​မြေ​ကြီး​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် ပ​ညာ​ရှိ​များ​နှင့် ဉာဏ်​ထက်​မြက်​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို​ဝှက်​ထား​လျက် က​လေး​သူ​ငယ်​တို့​ကို​ဖွင့်​ပြ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​ကို​ချီး​မွမ်း​ပါ​၏။ မှန်​ပါ​၏​အ​ဖ၊ ဤ​သည်​ကား ရှေ့​တော်​၌ နှစ်​သက်​တော်​မူ​သော​အ​ရာ​ဖြစ်​ပါ​၏။

22. ငါ​၏​ခ​မည်း​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ငါ့​အား​အပ်​နှင်း​တော်​မူ​ပြီ။ သား​တော်​သည် မည်​သူ​ဖြစ်​ကြောင်း​ကို ခ​မည်း​တော်​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ။ ခ​မည်း​တော်​သည် မည်​သူ​ဖြစ်​ကြောင်း​ကို​လည်း သား​တော်​နှင့် သား​တော်​က​ဖွင့်​ပြ​လို​သော​သူ​တို့​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ”​ဟု မြွက်​ဆို​တော်​မူ​၏။