Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 10:24-29 Myanmar Standard Bible (MSB)

24. သင်​တို့​အား ငါ​ဆို​သည်​ကား များ​စွာ​သော​ပ​ရော​ဖက်​တို့​နှင့် ရှင်​ဘု​ရင်​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အ​ရာ​တို့​ကို မြင်​လို​ကြ​သော်​လည်း မ​မြင်​ခဲ့​ကြ​ရ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အ​ရာ​တို့​ကို ကြား​လို​ကြ​သော်​လည်း မ​ကြား​ခဲ့​ကြ​ရ​ပေ”​ဟု သူ​တို့​ကို​သာ သီး​ခြား​မိန့်​တော်​မူ​၏။

25. တစ်​ခါ​က ကျမ်း​တတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ထ​၍ “ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​အ​မွေ​ဆက်​ခံ​ရန် မည်​သည့်​အ​မှု​ကို အ​ကျွန်ုပ်​ပြု​ရ​ပါ​မည်​နည်း”​ဟု ကိုယ်​တော်​ကို​အ​ကဲ​စမ်း​၍​မေး​လျှောက်​လေ​၏။

26. ကိုယ်​တော်​က​လည်း “ပ​ညတ်​တ​ရား​ကျမ်း​တွင် မည်​သို့​ရေး​ထား​သ​နည်း။ သင်​မည်​သို့​ဖတ်​ရ​သ​နည်း”​ဟု မေး​တော်​မူ​လျှင်

27. ထို​သူ​က “သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​၏​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့၊ သင်​၏​စိတ်​ဝိ​ညာဉ်​တစ်​ခု​လုံး၊ သင်​၏​အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့် သင်​၏​အ​သိ​ဉာဏ်​ရှိ​သ​မျှ​တို့​ဖြင့် ချစ်​ရ​မည်​ဟူ​၍​လည်း​ကောင်း၊ ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​၍​လည်း​ကောင်း ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။

28. ကိုယ်​တော်​က​လည်း “မှန်​ပေ​၏။ ထို​အ​တိုင်း​ပြု​လော့။ သို့​ပြု​လျှင် အ​သက်​ရှင်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

29. ထို​သူ​သည် မိ​မိ​ကိုယ်​ကို​ဖြောင့်​မတ်​ကြောင်း ဖော်​ပြ​လို​၍ “သို့​ဖြစ်​လျှင် မည်​သူ​သည် အ​ကျွန်ုပ်​၏​ဝန်း​ကျင်​၌​ရှိ​သော​သူ​ဖြစ်​သ​နည်း”​ဟု ယေ​ရှု​အား မေး​လျှောက်​လေ​၏။